ဂျပန်နိုင်ငံ​ရောက် မြန်မာကျောင်းသားများ တစ်လလျှင် ယန်း ၃၀,၀၀၀ ရရှိမည့် ပညာသင်ဆုလျှောက်ထားရန် သံရုံးထုတ်ပြန်

တိုကျို၊ ဖေဖော်ဝါရီ ၂၉

ဂျပန်နိုင်ငံတွင် တက်​ရောက်ပညာသင်ကြား​နေသည့် မြန်မာကျောင်းသားများအနေဖြင့် တစ်လလျှင် ယန်း ၃၀,၀၀၀ ရရှိမည့် Daiozu Memorial Foundation ပညာသင်ဆု လျှောက်ထားနိုင်ပြီဖြစ်​ကြောင်း တိုကျိုရှိ မြန်မာသံရုံးက ​ဖေ​ဖော်ဝါရီ ၂၉ ရက် ​နေ့စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

“ ဂျပန်နိုင်ငံကို လာ​ရောက်ပညာသင်ကြား​နေတဲ့ ​မြန်မာ​ကျောင်း​တွေကို ပညာသင်ဆုအ​နေနဲ့ ဂျပန်နိုင်ငံက တစ်လကို ယန်း ၃၀,၀၀၀ တန် Daiozu Memorial Foundation ကို အခု ၂၀၂၄ ခုနှစ်အတွက်ပေးအပ်မယ်။ ပညာသင်ဆုကို ဂျပန်နိုင်ငံရဲ့ Tokyo၊ Chiba၊ Saitama၊ Kanagawa၊ Ibaraki၊ Tochigi နဲ့ Gunma စီရင်စုများရှိ တက္ကသိုလ်များက ဘွဲ့ရကျောင်း သားများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်ရန် စာရင်းပေးသွင်းထားသူများ၊ တစ်နှစ်လျှင် မိသားစုဝင်ငွေ ယန်း ၆,၀၀၀,၀၀၀ အောက်ရှိသူများ၊ ၂၀၂၃ ခုနှစ်၊ ဧပြီလက ဒုတိယနှစ်နဲ့အထက် ကျောင်းဝင်စာရင်းသွင်းထားသည့် နိုင်ငံတကာကျောင်းသားများအား Daiozu Memorial Foundation ပညာသင်ဆု ပေးအပ်သွားမှာဖြစ်ပြီး ထောက်ပံ့ကြေးလျှောက်ထားနိုင်ပြီ။” ဟု ဂျပန်နိုင်ငံ၊ တိုကျိုရှိ မြန်မာသံရုံးမှ ​တာဝန်ရှိသူတစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ Daiozu Memorial Foundation ပညာသင်ဆုချီးမြှင့်ရန်အတွက် နိုင်ငံတကာကျောင်းသား ၂၅ ဦး ရွေးချယ်သွားမည်ဖြစ်ပြီး၊ ထောက်ပံ့ကြေးအား တစ်နှစ်ကို နှစ်ကြိမ် ပေးအပ်မည်ဖြစ်ပြီး တစ်နှစ်လျှင် ယန်း ၃၆၀,၀၀၀ (တစ်လလျှင် ယန်း ၃၀,၀၀၀)ပေးအပ်သွားမည်ဖြစ်​ကြောင်း သိရသည်။

Daiozu Memorial Foundation ပညာသင်ဆုကို ၂၀၂၄ ခုနစ်၊ မတ်လ ၁ ရက်မှ ​မေလ ၂၀ ရက်ထိ နောက်ဆုံးထား၍ http://www. daiohs-zaidan.or.jp သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက info@daiohs-zaidan.or.jp သို့ ဆက်သွယ်မေးမြန်းနိုင်​ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

မြင့်မြတ်​အောင်မြင် 

ဓါတ်ပုံ – CJ

ဂျပန်နိုင်ငံ​ရောက် မြန်မာကျောင်းသားများ တစ်လလျှင် ယန်း ၃၀,၀၀၀ ရရှိမည့် ပညာသင်ဆုလျှောက်ထားရန် သံရုံးထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.