မန္တလေး၊ သြဂုတ် ၂၃
ဂျပန်နိုင်ငံက ဖောက်လုပ်ပေးသည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတစ်ခု မိုင်းခွဲဖျက်ဆီးခံရသဖြင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ သြဂုတ် ၂၂ ရက်က ပဲခူးတိုင်း-ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ နှင့် တောကျွဲအင်းကြား မိုင်တိုင် ၁၁ ၇/၈ နှင့် ၁၁၇/၉ ကြားတွင်ရှိသည့် ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မီးရထားသံလမ်းနှစ်ဖက်လုံးတွင် ၁၆ ပေခန့် ပျက်စီးခဲ့ကာ ရထားလမ်းသုံးဇလီဖားတုံး ၆ ခု ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
“ မနေ့ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရတာ။ ပဲနွယ်ကုန်းမြို့နဲ့ တောကျွဲအင်းအကြား JICA ရန်ပုံငွေနဲ့ဖောက်လုပ်တည်ဆောက်ဆဲ ရန်ကုန်-မန္တလေး မြန်မာ့မီးရထားလမ်းသစ်ဖြစ်ပါ တယ်။ ပျက်စီးမှုတွေရှိခဲ့တယ်။” ဟုတာဝန်ရှိသူများနှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။
မိုင်းခွဲဖျက်ဆီးခံရသည့် ရထားလမ်းပိုင်းကို တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ရထားလမ်းပိုင်းအား ပြန်လည်ပြုပြင်မှု များလုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်၊ နံနက် ၉ နာရီခန့်က မန္တလေးမှ ရန်ကုန်သို့မောင်းနှင်လာသည့် ကွန်တင်နာရထားတစ်စင်း ပဲခူးတိုင်း၊ ကျောက်တံခါးနှင့် ကညွတ်ကွင်းမြို့နယ်ကြား၌ မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် ရထားလမ်းပိုင်းပျက်စီးခဲ့ပြီး ကွန်တိန်နာတင်ရထားမှာ ပျက်စီးထိခိုက်မှုရှိခဲ့ရကြောင်း သိရသည်။
ဂျပန်နိုင်ငံက ဖောက်လုပ်ပေးနေသည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်းခွဲ ဖျက်ဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်