ဂျပန်တံတားပေါ်၌ YBS ၉ က Delivery စက်ဘီးအားတိုက်မိ စက်ဘီးသမား သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဂျပန်တံတားပေါ်၌ ယမန်နေ့ ညနေပိုင်းက YBS ၉ ခရီးသည်တင်ယာဥ် (မီနီဘက်စ်) သည် Delivery ပို့သည့် စက်ဘီးတစ်စီးကို တိုက်မိခဲ့ရာ စက်ဘီးသမား သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၅ ပေ ဂျပန်တံတားပေါ် ၌ မင်္ဂလာဈေးဘက်မှတက်လာသည့် YBS ၉ (မီနီဘတ်စ်) သည် FC Express မှ အမြန်ချောပို့ Delivery စက်ဘီးကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ ကောင်လေးက လမ်းမှာပစ္စည်းတွေနဲ့ ပျံ့ကျဲနေတာ။ ကျွန်တော်တို့ရောက်တော့ ကောင်လေးက အသက်မရှိတော့ဘူး။ သူ့ပစ္စည်းတွေ လိုက်သိမ်းပြီး ကျန်ခဲ့မှာစိုးလို့လေ။ သူတို့ရုံးက လူတွေဆီ ပြန်စုပြီး ပြန်ထည့်ပေးလိုက်တယ်။ ဘေးက လူတွေပြောတာတော့ ကောင်လေးကိုတိုက်ပြီး ပြန်ကွေ့ထွက်တာမှာ ဘောင်ကိုတိုက်မိသွားတာတဲ့။” ဟု ကူညီကယ်ဆယ်ပေး ခဲ့သူ ပရဟိတသမားတစ်ဦးက ပြောသည်။

အဆိုပါယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့သူအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – ရှင်သန်ရေး လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

ဂျပန်တံတားပေါ်၌ YBS ၉ က Delivery စက်ဘီးအားတိုက်မိ စက်ဘီးသမား သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.