ဂျပန်ငလျင်ကြောင့် ပျောက်ဆုံးနေသူအရေအတွက် ပိုမိုမြင့်တက်လာနေ

တိုကျို၊ ဇန်နဝါရီ ၈

ဂျပန်နိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာတွင် သေဆုံးသူနှင့် ပျောက်ဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျောက်ဆုံးသူအရေအတွက် ၁၀၃ ဦးမှ အနည်းဆုံး ၃၂၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် ပျောက်ဆုံးနေသူအများစုသည် ဝါဂျီမာဒေသမှဖြစ်ပြီး ငလျင်စတင်လှုပ်ခတ်ချိန်က ယင်းဒေသတွင် ပျောက်ဆုံးသူ ၃၁ ဦးသာ ကနဦးရှိခဲ့သော်လည်း လက်ရှိအချိန် တွင် ၂၈၁ ဦးပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

အဆိုပါငလျင်ကြောင့် သေဆုံးသူအရေအတွက်လည်း မြင့်တက်လာနေပြီး သေဆုံးသူ ၁၂၈ ဦးမှ အနည်းဆုံး ၁၆၁ ဦးအထိ မြင့်တက်လာခဲ့ပြီး လူပေါင်း ၆၀၀ နီးပါး ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

ငလျင်ကြောင့် သေဆုံး၊ ပျောက်ဆုံးမှုများအပါအဝင် ထိခိုက်ပျက်စီးမှုဒဏ်ကို ဆူဇူဒေသနှင့် ဝါဂျီမာဒေသတို့က အများဆုံး တွေ့ကြုံခံစားခဲ့ရကြောင်း ဂျပန်အာဏာပိုင်များက ဖော် ပြထားသည်။

ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁ ရက်နေ့က အင်အား ၇ ဒသမ ၅ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ခဲ့ရကြောင်း သိရသည်။

ဂျပန်အာဏာပိုင်များသည် လက်ရှိအချိန်တွင် ငလျင်ဒဏ်တွေ့ကြုံခံစားခဲ့ရသော ဒေသခံများကို ဂရုစိုက်သတိထားရန်နှင့် အဆောက်အဦးများ ပြိုကျပျက်စီးမှု ထပ်မံဖြစ်လာဖွယ် ရှိနေကြောင်း သတိပေးထားသည်။

ငလျင်လှုပ်ခတ်မှုနှင့် မြေပြိုမှုများလည်း ထပ်မံဖြစ်လာသည့်အတွက် လမ်းများပြိုကျပျက်စီးခဲ့ခြင်း၊ အဆောက်အဦးပျက်စီးခြင်းများ ဖြစ်နေသည့်အတွက် ကယ်ဆယ်ရေးသမား များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြင့်လုပ်ကိုင်ရန် အခက်ခဲများရှိနေကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးသမားများသည် အခက်ခဲများကြားမှ ရှာဖွေကယ်တင်မှုများကို လုပ်ဆောင်ခဲ့ရာ သက်ကြီးရွယ်အိုများကို ပြန်လည်ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

#ယနေ့ခေတ်

ဂျပန်ငလျင်ကြောင့် ပျောက်ဆုံးနေသူအရေအတွက် ပိုမိုမြင့်တက်လာနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.