ဂိုလန်ကုန်းမြင့်ဒေသသည် အစ္စရေးပိုင်နက်အဖြစ်ဆက်ရှိမည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

တဲလ်အဗစ်၊ ဒီဇင်ဘာ ၁၀

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ၎င်းတို့နှစ်ပေါင်း ၆၀ ကြာသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသသည် အစ္စရေးပိုင်နက်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ဟု ဆိုသည်။

အစ္စရေးဝန်ကြီးချုပ်က ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် သတ်မှတ်ပြောဆိုခဲ့ခြင်းအတွက် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကိုကျေးဇူးတင်ကြောင်း ပြောသည်။

အစ္စရေးနိုင်ငံသည် ၁၉၇၃ ခုနှစ်ကဖြစ်ပွားခဲ့သော အစ္စရေးနှင့် အာရပ်စစ်ပွဲ၊ ၁၉၆၇ ခုနှစ်ကဖြစ်ပွားခဲ့သော ခြောက်ရက်ကြာစစ်ပွဲအတွင်း ဆီးရီးယားပိုင်နက်ဖြစ်သော ဂိုလန်ကုန်းမြင့်ဒေသကို သိမ်းယူခဲ့ကြောင်း သိရသည်။

ဆီးရီးယားလက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သောရက်ပိုင်းက မြို့တော်ဒမ္မစကက်ကို သိမ်းယူနိုင်ခဲ့ပြီးနောက် သမ္မတလည်း ရုရှားပိုင်နက်ထဲသို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ပြီးခဲ့သောရက်ပိုင်းက ဆီးရီးယားနိုင်ငံကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆီးရီးယားသမ္မတ အာဆက်ဒ်၏ လက်နက်တိုက်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

အစ္စရေးဝန်ကြီးချုပ်သည် ဆီးရီးယားနိုင်ငံတွင် သမ္မတအာဆက်ဒ်ပြုတ်ကျခဲ့ပြီးနောက် ကုလသမဂ္ဂ၏ ကြားဝင်မှုဖြင့်ရရှိထားသော ဆီးရီးယားနှင့် အစ္စရေးနိုင်ငံကြားရှိ ကြားခံဇုန်ကိုသိမ်းပိုက်ရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအဖွဲ့နှင့် အစ္စရေး၏အိမ်နီးချင်းနိုင်ငံများက ဆီးရီးယားနိုင်ငံရှိ ကြားခံဇုန်များကို ထပ်မံတိုးချဲ့သိမ်းယူရန် ကြိုးပမ်းမှုများကို ပြစ်တင်ရှုတ်ချထားပြီး ဆီးရီးယားနှင့် အစ္စရေးနိုင်ငံကြားရရှိထားသော ၁၉၇၄ ခုနှစ် သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။

အစ္စရေးအစိုးရက ၎င်းတို့သည် ဆီးရီးယားပြည်တွင်းစစ်ကို ကြားဝင်စွက်ဖက် နှောက်ယှက်ခြင်းမျိုးမဟုတ်ဘဲ အစ္စရေးနိုင်ငံလုံခြုံရေးကို ကာကွယ်ရန်အတွက် ယာယီအစီမံများလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ကောင်းထက်ငွေ

channelnewsasia.com

ဂိုလန်ကုန်းမြင့်ဒေသသည် အစ္စရေးပိုင်နက်အဖြစ်ဆက်ရှိမည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.