ဂါဘွန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွား

ဂါဘွန်၊ ဩဂုတ် ၃၀

ဂါဘွန်နိုင်ငံတွင် သြဂုတ် ၃၀ ရက်၊ နံနက်ပိုင်းက စစ်အာဏာသိမ်းမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြကြသည်။

ဂါဘွန်ရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သောသီတင်းပတ်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲရလဒ်များကို ကြေညာလိုက်ပြီးနောက်မကြာမီ ဂါဘွန်စစ်တပ်က အာဏာသိမ်း ယူလိုက်ခြင်းဖြစ်သည်။

ဂါဘွန် သမ္မတအဖြစ် နှစ်ပေါင်းများစွာကြာ တာဝန်ယူခဲ့သူ အလီ ဘွန်ဂိုသည် ပြီးခဲ့သောသီတင်းပတ်က ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြောင်း သိရသည်။

ဂါဘွန်စစ်ခေါင်းဆောင်များက “ နိုင်ငံရဲ့လက်ရှိအာဏာရှင်စနစ်ကို အဆုံးသတ်လိုက်တာပါ။ နိုင်ငံငြိမ်းချမ်းရေးကို ကာကွယ်လိုက်တာပါ။” ဟု ပြောသည်။

ဂါဘွန်စစ်ခေါင်းဆောင်များက အငြင်းပွားဖွယ်ဖြစ်စေခဲ့သော ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းလိုက်သလို အင်စတီကျူးရှင်းအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း သတင်းထုတ် ပြန်ထားသည်။

စစ်အာဏာသိမ်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက သမ္မတ အလီဂွန်ဘိုသည် သမ္မတအဖြစ် ၁၄ နှစ်ကြာတာဝန်ယူခဲ့ပြီးနောက် နိုင်ငံကို ကမောက်ကမဖြစ်စေနိုင်သော အခက်ခဲအရှုပ် အထွေးများ ဖြစ်စေခဲ့ကြောင်း ပြောကြာသည်။

သမ္မတဘွန်ဂိုသည် ပြီးခဲ့သောသီတင်းပတ်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဆန္ဒမဲအားလုံး၏ ၆၄ ရာခိုင်နှုန်းကျော်ရရှိကာအနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကပြောသည်။

အလီဘွန်ဂိုနှင့် ၎င်း၏ဖခင်ဖြစ်သူတို့သည် ဂါဘွန်နိုင်ငံ၏ သမ္မတအဖြစ် နှစ်ပေါင်းများစွာကြာ တာဝန်ယူခဲ့ရာ မိသားစုတစ်ခုတည်း၏ အုပ်ချုပ်မှုကို တွေ့ကြုံရသလိုမျိုး ဖြစ်နေခဲ့ ကြောင်း သိရသည်။

အလီဂွန်ဘို၏ ဖခင်ဖြစ်သူအိုမာ ဘွန်ဂိုသည် ဂါဘွန်သမ္မတအဖြစ် ၁၉၆၇ ခုနှစ်မှ ၎င်းသေဆုံးခဲ့သော ၂၀၀၉ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ယူခဲ့ပြီး အလီဘွန်ဂိုက ဂါဘွန်သမ္မတ အဖြစ် ၂၀၀၉ ခုနှစ်မှ လက်ရှိအချိန်အထိ တာဝန်ယူခဲ့ကြောင်း သိရသည်။

ဂါဘွန်နိုင်ငံသည် ပြင်သစ်နိုင်ငံ၏ လက်အောက်ခံကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးပြီး ၁၉၆၀ ခုနှစ်တွင် လွတ်လပ်ရေးရယူနိုင်ခဲ့ကြောင်း သိရသည်။

ပြင်သစ်၏ လက်အောက်ခံကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးသော နိုင်ဂျာနိုင်ငံသည် ပြီးခဲ့သောဇူလိုင်လတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး အနောက်အာဖရိက စီးပွားရေးအဖွဲ့၏ စစ်ရေးအရ ကျူးကျော်မည်ဆိုသော ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေရသည်။

ကောင်းထက်ငွေ

africanews.com

ဂါဘွန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.