တဲလ်အဗစ်၊ မေ ၁၀
အစ္စရေးကာကွယ်ရေးဝန်ကြီးက ၎င်းတို့သည် ဂါဇာဒေသအပြင် ဂါဇာဒေသမြောက်ပိုင်းနှင့်ပတ်သက်ပြီး ထားရှိသောစစ်ရေးရည်မှန်းချက်များရရှိရန် လိုအပ်သောအရာများကို မည်သည့်အရာကိုမဆို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးသည် ၎င်းတို့၏ရည်မှန်းချက်များကို ရန်သူ၊ မိတ်ဆွေများအားလုံးကို ရည်ရွယ်ပြောဆိုခြင်းမျိုးဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ဂါဇာဒေသရှိ ရာဖယ်မြို့ကို တိုက်ခိုက်ခြင်းအား ရပ်တန့်ရန် အစ္စရေးအစိုးရကို တိုက်တွန်းတောင်းဆိုခဲ့သော်လည်း အစ္စရေးအစိုးရက ၎င်းတို့အစီအစဉ်အတိုင်း ဟားမက်စ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး ရာဖယ်မြို့ကိုတိုက်ခိုက်ရန် စီစဉ်နေကြောင်း သိရသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးက “ ရန်သူမိတ်ဆွေအားလုံးကို သိစေလိုတယ်။ အစ္စရေးနိုင်ငံကို ရှုံးနိမ့်အောင်လုပ်ဆောင်လို့မရဘူး။ ကျွန်တော်တို့နိုင်ငံဟာ တောင့်တင်းမှုရှိတယ်။ ရည် မှန်းချက်တွေကို ရရှိအောင်လုပ်ဆောင်မယ်။ ကျွန်တော်တို့နိုင်ငံလုံခြုံအောင် လုပ်ဆောင်မယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူး။ ကျွန်တော်တို့ဟာ ဘာပဲဖြစ်ဖြစ်လုပ်ဆောင်သွားမယ်။ အစ္စရေးနိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ဘာပဲဖြစ်ဖြစ်လုပ်ဆောင်မယ်။ ကျွန်တော်တို့နိုင်ငံအပေါ် ခြိမ်းခြောက်မှုအားလုံးကို ဖယ်ရှားသွားမယ်။ ကျွန်တော်တို့ကို ဖျက် ဆီးဖို့ ကြိုးပမ်းနေသူတွေကို တုံ့ပြန်သွားမယ်။” ဟု ပြောသည်။
အမေရိကန်သမ္မတက အစ္စရေးနိုင်ငံအနေဖြင့် ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဆိုလျှင် အစ္စရေးနိုင်ငံအပေါ် ကူညီနေသည့် စစ်ရေးအကူညီများ ရပ်တန့်မည်ဟု မကြာသေးမီက သတိပေးပြောဆိုခဲ့သည်။
ကောင်းထက်ငွေ
channelnewsasia.com
ဂါဇာအရေးနှင့်ပတ်သက်ပြီး ရည်မှန်းချက်များရရှိစေရန် လုပ်ဆောင်မည်ဟု အစ္စရေးစစ်တပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်