တဲအဗစ်၊ ဇွန် ၁၀
အစ္စရေးအစိုးရအဖွဲ့တွင်ပါဝင်နေသော ဝန်ကြီးတစ်ဦးဖြစ်သည့် ဘန်နီဂန့်ဇန်သည် ပြီးခဲ့သောရက်ပိုင်းတွင် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့် ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အရေးပေါ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ဘန်နီဂန့်ဇ်ပါဝင်ခဲ့ကြောင်း သိရ သည်။
ဘန်နီဂန့်ဇ်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနှင့် ဆက်ဆံရေးကောင်းမွန်သူမဟုတ်ဘဲ ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး သဘောထားကွဲလွဲမှုများရှိနေကြောင်း သိရသည်။
ဘန်နီဂန့်ဇ်က “ ဝန်ကြီးချုပ် နေတန်ရာဟဟာ ကျွန်တော်တို့ စစ်မှန်တဲ့အောင်ပွဲရယူနိုင်မယ့်အခြေနေတွေကို တားဆီးနေတယ်။ ကျွန်တော်အနေနဲ့ အရေးပေါ်ဖွဲ့စည်းခဲ့တဲ့ အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးရာထူးကနေ ဒီနေ့နုတ်ထွက်ခဲ့တယ်။” ဟု ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲသည် ၈ လကျော်ကြာချိန်တွင် အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိဘဲ လက်ရှိအချိန်အထိ တိုက်ပွဲများဆက် လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ဘန်နီဂန့်ဇ် ရာထူးမှနုတ်ထွက်ခြင်းကို ဝေဖန်ပြစ်တင်မှုများလည်းရှိနေခဲ့ပြီး ဟားမက်စ်အုပ်စုလိုလားသော ဆန္ဒအတိုင်း ဖြစ်သွားခဲ့ကြောင်း အစ္စရေးစီးပွားရေးဝန်ကြီးက ဝေဖန်ခဲ့သည်။
ကောင်းထက်ငွေ
channelnewsasia.com
ဂါဇာအရေးနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးတစ်ဦး ရာထူးမှရုတ်တရက်နုတ်ထွက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်