ဂါဇာ၊ မတ် ၂၃
ဂါဇာရှိ ခန်းယူနစ်တောင်ပိုင်းတွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမတ်စ်ထိပ်တန်း နိုင်ငံရေးခေါင်းဆောင် ဆာလာ အယ်လ် ဘာဒါဝီလ် သေဆုံးခဲ့ကြောင်း ဟားမတ်စ်အရာရှိတစ်ဦးက ဘီဘီစီကို တနင်္ဂနွေနေ့အစောပိုင်းတွင် ပြောကြားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာအဖွဲ့၏ နိုင်ငံရေးရုံးအဖွဲ့ဝင် ဘာဒါဝီလ်နှင့်၎င်း၏ဇနီးတို့နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အစ္စရေးစစ်တပ်သည် ဇန်နဝါရီ ၁၉ ရက်ကစတင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စွန့်လွှတ်ပြီး နှစ်လနီးပါးငြိမ်သက်နေသောဂါဇာကို အင်္ဂါနေ့မှစ၍ ကြီးမားသောတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။
ဟားမတ်စ်သည် ကာတာ၊ အီဂျစ်နှင့် အမေရိကန်တို့နှင့် ချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်သည်ဟု အစ္စရေးကစွပ်စွဲခဲ့သည်။ ဟားမတ်စ်တို့က အစ္စရေး၏စွပ်စွဲချက်များကို ပယ်ချခဲ့သည်။
#BBC
#ယနေ့ခေတ်
ဂါဇာရှိ ဟားမတ်စ်အကြီးတန်းအရာရှိတစ်ဦး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်