ဂါဇာဒေသကို တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုများကို အစ္စရေးအစိုးရ ပယ်ချ

တဲလ်အဗစ်၊ အောက်တိုဘာ ၂၉

ဂါဇာဒေသတွင်ပြုလုပ်သော အစ္စရေး၏တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် အပစ်ခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ရန် ကုလသမဂ္ဂ၏ တိုက်တွန်းတောင်းဆိုမှုများကို အစ္စရေးအစိုးရက ပယ်ချခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် ပြီးခဲ့သောရက်ပိုင်းက ဂါဇာဒေသအပေါ် ပြုလုပ်နေသော အစ္စရေး၏ ထိုးစစ်ဆင်မှုများကို ချက်ချင်းရပ်တန့်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။


အစ္စရေးသံအမတ်ကြီး ဂီလက် အာဒမ်က “ ဒီနေ့ဟာ ကုလသမဂ္ဂ နာမည်ပျက်မယ့် နေ့တစ်နေ့ပါ။ ကုလသမဂ္ဂဟာ တရားဝင်မှု ဆက်စပ်မှုတစ်ခုတောင် မရှိတော့ဘူး။ ကုလသမဂ္ဂဟာ ရှက်စရာကောင်းနေပါတယ်။ အစ္စရေးနိုင်ငံကတော့ ကိုယ်ကိုယ်တိုင် ခုခံကာကွယ်ပိုင်ခွင့်ရှိတာကို ဆက်လက်အသုံးချသွားမယ်။ ကျွန်တော်တို့ရဲ့အနာဂတ်ကို ကာကွယ်သွားမယ်။ ဟားမက်စ်အဖွဲ့ကို ငရဲဘုံပို့ပစ်မယ်။ ဒါမှ ကျွန်တော်တို့ကို နောက်ထပ်တစ်ကြိမ် ဘယ်သူမှမခြိမ်းခြောက်ရဲတော့မှာပါ။” ဟုပြောသည်။

ဟားမက်စ်အဖွဲ့က ပဋိပက္ခများအဆုံးသတ်ရန်အတွက် ကုလသမဂ္ဂ၏ တောင်း ဆိုချက်များကို ကြိုဆိုခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးက အစ္စရေး၏ စစ်ရေးဆောင်ရွက်များက ရက်စက်မှုအထွဋ်အထိပ်ကို ရောက်ရှိနေကြောင်း အစ္စရေး၏ကျူးကျော်မှုများကို ပယ်ချခဲ့သော နိုင်ငံတကာအဖွဲ့စည်းများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောသည်။

အောက်တိုဘာ ၇ ရက်နေ့တွင် စတင်ခဲ့သော အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အစ္စရေးနိုင်ငံသား အနည်းဆုံး ၁၄၀၀ ကျော် သေဆုံးခဲ့ကာ ပါလက် စတိုင်းလူမျိုး ၇၃၀၀ ကျော် သေဆုံးထားပြီး လူပေါင်း ၂၂၀ ကျော် ပြန်ပေးဆွဲခံထားရကြောင်း သိရသည်။

အစ္စရေးသည် အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်းတည်းက ဂါဇာဒေသအပေါ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် မြေပြင်ထိုးစစ်ဆင်နွဲနေကြောင်း သိရသည်။

ကောင်းထက်ငွေ

france24.com

#ယနေ့ခေတ်

ဂါဇာဒေသကို တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုများကို အစ္စရေးအစိုးရ ပယ်ချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.