နယူးယောက်၊ မတ် ၂၈
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲကို ချက်ချင်းအပစ်အခတ်ရပ်စဲရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသည် မတ်လ ၂၅ ရက်နေ့တွင် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီးနောက် ရာမာဒန်ကာလအတွင်း ချက်ချင်းအပစ်အခတ်ရပ်စဲထားရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကြား မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက ကြားနေမဲပေးခဲ့ကာ အခြားအဖွဲ့ဝင်နိုင်ငံပေါင်း ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှုကြမ်းထဲတွင် ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးရေး၊ ဂါဇာဒေသသို့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ပံ့ပိုးကူညီပေးရေးစသောအချက်များပါဝင်နေကြောင်း သိရသည်။
အမေရိကန်သံအမတ်ကြီးက “ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပါဝင်တဲ့ တောင်းဆိုချက်အားလုံးထဲက အချို့အချက်တွေကို သဘောမတူဘူး။ အဲဒီအတွက် ကြားနေမဲသာပေးခဲ့တာဖြစ်တယ်။” ဟု ပြောသည်။
လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မှုကြမ်းထဲတွင် ဟားမက်စ်အဖွဲ့ကို ပြစ်တင်ရှုတ်ချခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်သံအမတ်ကြီးက ပြောသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဂါဇာဒေသစစ်ပွဲနှင့်ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေး တောင်းဆိုချက်များကို ဗီတိုအာဏာသုံး ငြင်းဆန်မှုမရှိဘူးဆိုလျှင် အမေရိကန်နိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားသော ခရီးစဉ်ကိုဖျက်သိမ်းမည်ဟု အစ္စရေးဝန်ကြီးချုပ်က ပြောသည်။
ကောင်းထက်ငွေ
aljazeera.com/news
ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတောင်းဆို၊ အမေရိကန်ကြားနေမဲပေးခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်