ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့ လက်ခံကြိုဆို

ဂါဇာ၊ ဇွန် ၁၁

ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လက်ခံသဘောတူညီခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ပြီးခဲ့သောရက်ပိုင်းတွင် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန်အတွက် အမေရိကန်နိုင်ငံက ရေးဆွဲခဲ့သောမူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ရာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအနက် ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ရုရှားနိုင်ငံက ကြားနေမဲပေးခဲ့ကြောင်း သိရသည်။

ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးမူကြမ်းထဲတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရန်၊ ဒေသခံများကို မိခင်အရပ်ဒေသသို့ပြန်ရန်၊ ပျက်စီးသွားသောအရာများ ပြန်လည်တည် ဆောက်ရန်၊ အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရန်၊ တပ်ဖွဲ့ဝင်များ အလုံးစုံပြန်ရုတ်သိမ်းရန်နှင့် အမြဲတမ်းအပစ်ခတ်ရပ်စဲရေးရယူရန်ဆိုသော အချက်များပါဝင်ခဲ့ကြောင်း သိရ သည်။

ဟားမက်စ်အုပ်စုက အဆိုပါဆုံးဖြတ်ချက်မူကြမ်းကိုအခြေခံပြီး အစ္စရေးနိုင်ငံနှင့် သွယ်ဝိုက်ဆွေးနွေးရန် စိတ်ဝင်စားကြောင်း ပြောသည်။

အဆိုပါဆုံးဖြတ်ချက်များကိုအခြေခံပြီး အမေရိကန်၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့ ထပ်မံကြားဝင်ဆွေးနွေးရဖွယ်ရှိနေကြောင်း သိရသည်။

အမေရိကန်သမ္မတသည် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အဆင့်သုံးဆင့်ပါသောအစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး အမေရိကန်သမ္မတ၏အစီအစဉ်များကို အစ္စရေးနိုင်ငံက သ ဘောတူလက်ခံခဲ့ကြောင်း အမေရိကန်အစိုးရက ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များထဲတွင် အမေရိကန်အစိုးရ အဆိုပြုရေးဆွဲခဲ့သော အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်မူကြမ်းကို နှောင့်နေးမှုမရှိဘဲ အပြည့်အဝအကောင်ထည်ဖော်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

rt.com/news

Photo: A United Nations Security Council session on the Israel-Palestine conflict, June 10, 2024. ©  MICHAEL M. SANTIAGO / GETTY IMAGES

ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့ လက်ခံကြိုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.