ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် အစ္စရေးက အဆိုပြုကမ်းလှမ်းမှုအသစ်များ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဆို

ဝါရှင်တန်၊ ဇွန် ၁

အစ္စရေးအစိုးရသည် ဖမ်းဆီးခံထားရသောသူအားလုံး အမြန်ဆုံးပြန်လွှတ်မြှောက်စေရန်အတွက် ဂါဇာစစ်ပွဲအဆုံးသတ်စေရန် ကမ်းလှမ်းမှုအသစ်တစ်ခု လုပ်ဆောင်လိုက်ကြောင်းအမေရိကန်သမ္မတက ဆိုသည်။

ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရန် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို တောင်းဆိုထားပြီး အပြန်အလှန်အနေဖြင့် ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ အပစ်ခတ်ရပ်စဲမည့်ကိစ္စကို အဆိုပြုကမ်းလှမ်းချက်အသစ် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောသည်။

အစ္စရေးသည် လက်ရှိအချိန်တွင် ဂါဇာစစ်ပွဲအဆုံးသတ်ရန် ပိုမိုကောင်းမွန်သော ကမ်းလှမ်းအဆိုပြုချက်အသစ်ကို ထပ်မံလုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအချိန်က ဂါဇာစစ်ပွဲအဆုံး သတ်ရမည့်အချိန်ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးမှခေါင်းဆောင်များအနေဖြင့် လက်ရှိအချိန်တွင် ဆုံးရှုံးမှုများထပ်မံမဖြစ်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောသည်။

သမ္မတ ဂျိုးဘိုင်ဒန်က “ အစ္စရေးဟာ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ အဆိုပြုကမ်းလှမ်းထားတယ်။ ဟားမက်စ်လက်နက်ကိုင်အုပ်စုကလည်း အပစ်ခတ်ရပ်စဲရေးလိုလားနေတယ်။ အဲဒီအ ဆိုပြုကမ်းလှမ်းချက်တွေထဲမှာ အဆင့်သုံးဆင့်ပါဝင်နေတယ်။ ပထမအဆင့်က သီတင်းပတ်ပတ်ခြောက်ပတ်ကြာ အပစ်ခတ်ရပ်စဲဖို့ဖြစ်တယ်။” ဟု ပြောသည်။

အဆိုပါအပစ်ခတ်ရပ်စဲထားသောကာလအတွင်း ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့ဝင်များ ပြန်ရုတ်သိမ်းမှာဖြစ်သလို ဟားမက်စ်အဖွဲ့လက်ထဲရောက်ရှိနေသူများ ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း၊ ထိုအပြင် ပါလက်စတိုင်းအကျဉ်းသားရာချီကိုလည်း လွှတ်ပေးရမည်ဖြစ်ကြောင်း၊ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများအတွက် အကူညီပေးမည့် ကုန်ကားအစီးရေ ၆၀၀ ကျော်ကို နေ့စဉ် ဂါဇာဒေသအတွင်း ဝင်ရောက်ခွင့်ပြုရမည်ဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် အစ္စရေးက အဆိုပြုကမ်းလှမ်းမှုအသစ်များ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.