နယူးယောက်၊ ဖေဖော်ဝါရီ ၂၁
အမေရိကန်နိုင်ငံသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံး ပယ်ချလိုက်ကြောင်း သိရသည်။
အမေရိကန်သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံးပယ်ချမည်ဟု ပြောဆိုထားသည့်အတိုင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျင်းပသော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ဗိတိုအာဏာသုံး ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ လုပ်ရပ်အပေါ် ကမ္ဘာနိုင်ငံများက ဝေဖန်ပြစ်တင်နေပြီး ဟားမက်စ်အဖွဲ့က အမေရိကန်၏လုပ်ရပ်က လူသေဆုံးမှုများ ပိုမိုဖြစ်လာစေရန် အစ္စရေးကို မီးစိမ်းပြလိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။
အယ်ဂျီးရီးယားနိုင်ငံသည် ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ရန်အတွက် ဆုံးဖြတ်ချက်မူကြမ်းကို သီတင်းပတ်သုံးပတ်ကျော်ကြာ ရေးဆွဲခဲ့ပြီးနောက် လုံခြုံရေးကောင်စီအစည်း အဝေးတွင် တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆုံးဖြတ်ချက်မှုကြမ်းထဲတွင် ဂါဇာဒေသရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသော လူများကို အကူညီပေးနိုင်ရန်အတွက် စစ်ပွဲကို အပစ်ခတ်ရပ်စဲထားရန်၊စစ်ပွဲနှင့်ဆက်နွယ်နေသူများအားလုံး လေးစားလိုက်နာရမည်ဟု အယ်ဂျီးရီးယားနိုင်ငံက တိုက်တွန်းတောင်းဆိုထားသည်။
အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးလ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော မဲခွဲဆုံးဖြတ်မှုသည် တာဝန်မဲ့သော လုပ်ရပ်မျိုးဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ပါလက်စတိုင်းသံအမတ်ကြီးက အမေရိကန်၏ ဗီတိုအာဏာသုံးမှုသည် အဆင့်ခြင်မဲ့လွန်းပြီး အန္တရာယ်ရှိသောလုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ထားသည်။
အမေရိကန်သည် နိုင်ငံတကာမျက်နှာစာတွင် အစ္စရေးကို ကာကွယ်ပေးနေကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအတွင်း အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၃ သောင်းနီးပါး သေဆုံးထားကြောင်း သိရသည်။
ကောင်းထက်ငွေ
alarabiya.net/News
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို အမေရိကန် ဗီတိုအာဏာသုံး ပယ်ချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်