ဂါဇာစစ်ပွဲချက်ချင်းအပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစု တောင်းဆို

နယူးယောက်၊ ဒီဇင်ဘာ ၁၂

အစ္စရေးနဲ့ ဟားမက်စ်ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲကို ချက်ချင်းအပစ်အခတ်ရပ်စဲရန်နှင့် အမြဲတမ်းငြိမ်းချမ်းရေးရယူနိုင်ရန်အတွက် ကုလသမဂ္ဂကတောင်းဆိုလိုက်ကြောင်း သိ ရသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့တွင်ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဂါဇာစစ်ပွဲအဆုံးသတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် တောင်းဆိုသည့်မူကြမ်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား မဲခွဲဆုံးဖြတ်ခဲ့ရာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ အနက် နိုင်ငံပေါင်း ၁၅၈ နိုင်ငံက ထောက် ခံမဲပေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်မူကြမ်းသည် ဂါဇာစစ်ပွဲကို မသိကျိုးကျွံပြုမနေကြောင်း ပြသလိုက်ခြင်းဖြစ်ပြီး စစ်ပွဲကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားစောင့်ကြည့်နေခြင်းကို ပေါ်လွင်စေခဲ့ကြောင်း သိရသည်။

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးတောင်းဆိုသော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်မူကြမ်းကို အစ္စရေး၊ အမေရိကန်နှင့် အခြား ၇ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပြီး၊ နိုင်ငံပေါင်း ၁၃ နိုင်ငံက ကြားနေမဲပေးခဲ့ကြောင်း သိရသည်။

ထိုအပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ပြီးခဲ့သောဇန်နဝါရီလအတွင်း ကုလသမဂ္ဂ၏ ပါလက်စတိုင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ UNRWA အား အစ္စရေးနိုင်ငံအတွင်း လုပ်ငန်းများလုပ်ကိုင်ခွင့် တားမြစ်ပိတ်ပင်ခဲ့သော အစ္စရေးအစိုးရ၏ဆုံးဖြတ်ချက်ကိုပယ်ချရန် တောင်းဆိုသောမူကြမ်းကို ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် ၁၅၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေညီလာခံက “ အစ္စရေးဟာ UNRWA အဖွဲ့ရဲ့လုပ်ပိုင်ခွင့်ကို လေးစားရမယ်။ ပိတ်ပင်ကန့်သတ်ခြင်းမရှိဘဲ UNRWA ဟာ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရှိရမယ်။” ဟု တောင်းဆိုထားသည်။

အဆိုပါဥပဒေမူကြမ်းကို အစ္စရေးနှင့် အမေရိကန်နိုင်ငံအပြင် အခြား ၇ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံက ကြားနေမဲပေးခဲ့ကြောင်းသိသည်။

ကောင်းထက်ငွေ

channelnewsasia.com

ဂါဇာစစ်ပွဲချက်ချင်းအပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစု တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.