ဂါဇာစစ်ပွဲကြောင့်ဝေဖန်ခံရသည့် အစ္စရေးဝန်ကြီးချုပ် အမေရိကန်လွှတ်တော်တွင် မိန့်ခွန်းပြောမည်

ဝါရှင်တန်၊ ဇွန် ၇

ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု ဝေဖန်ခံနေရသော အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် အမေရိကန်လွှတ်တော်တွင် လာမည့်လအတွင်း မိန့်ခွန်းပြောဆိုမည်ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။

အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ်များသည် နေတန်ရာဟုကို လွှတ်တော်အတွင်း မိန့်ခွန်းပြောဆိုရန်ဖိတ်ခေါ်ခဲ့ကြောင်း၊ နေတန်ရာဟုအနေဖြင့် ဇူလိုင် ၂၄ ရက်နေ့တွင် အမေရိကန်လွှတ်တော်အတွင်း မိန့်ခွန်းပြောဆိုမည်ဖြစ်ကြောင်း နီးစပ်သူများက ထပ်မံပြောဆိုသည်။

အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ်များသည် နေတန်ရာဟုအပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူများကို ဖမ်းဝရမ်းထုတ်ရန်ကြိုးပမ်းခဲ့သော နိုင်ငံတကာရာဇဝတ်တ ရားရုံးတာဝန်ရှိသူများကို လက်တုံ့ပြန်ခဲ့ပြီး ပိတ်ပင်မှုများချမှတ်ခဲ့ကြောင်း သိရသည်။

နေတန်ရာဟုကို မိန့်ခွန်းပြောဆိုရန် ဖိတ်ကြားခြင်းနှင့်ပတ်သက်ပြီး အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များကြား သဘောထားကွဲလွဲနေကြောင်း သိရသည်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံကို ရုတ်တရက်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာစစ်ပွဲများဖြစ်လာခဲ့ရာ လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးဘဲအမေရိကန်အစိုးရ တာဝန်ရှိသူများက အပစ်ခတ်ရပ်စဲနိုင်ရန် ကြားဝင်ဆောင်ရွက်နေကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းနှင့်ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်၊ အထက်လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ချက်ရှုမာ၊ မက်ကောနယ်တို့သည် အစ္စရေးနိုင်ငံနှင့်အတူ အမေရိကန်နိုင်ငံက စုစည်းညီညွှတ်ကြောင်းပြသရန် အစ္စရေးဝန်ကြီးချုပ်ကို လွှတ်တော်အတွင်း မိန့်ခွန်းပြောဆိုရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများထဲတွင် ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အစ္စရေးနိုင်ငံကို မနှစ်သက်သူများလည်းရှိနကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

ဂါဇာစစ်ပွဲကြောင့်ဝေဖန်ခံရသည့် အစ္စရေးဝန်ကြီးချုပ် အမေရိကန်လွှတ်တော်တွင် မိန့်ခွန်းပြောမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.