ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏လုပ်ရပ်များနှင့်ပတ်သက်၍ ဗြိတိန်၊ ကနေဒါနှင့် ပြင်သစ်တို့ သတိပေး

ပါရီ၊ မေ ၂၀

တနင်္လာနေ့က ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါခေါင်းဆောင်များသည် ဂါဇာတွင် အစ္စရေး၏ ဆိုးရွားသောလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းပိုင်နက်အတွင်း စစ်ရေးထိုးစစ်ကို အရှိန်မြှင့်မလုပ်ဆောင်ရန် သတိပေးခဲ့သည်။

သို့သော် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတာမာ၊ ပြင်သစ်သမ္မတ အီမန် နူရယ် မာခရွန်နှင့် ကနေဒါဝန်ကြီးချုပ် မက်ခ် ကာနေးတို့၏ ပူးတွဲထုတ်ပြန်ချက်သည် ဂါဇာစစ်ပွဲတွင် ဟားမတ်စ် အတွက် ကြီးမားသောဆုလာဘ်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စတားမာ၊ မက်ခရွန်နှင့် ကာနေးတို့သည် ပါလက်စတိုင်းများ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခံရရန် ခြိမ်းခြောက်နေသော နေတန်ယာဟုအစိုးရမှ ဝန်ကြီးများနှင့် အစ္စရေး၏ပိတ်ဆို့အရေးယူမှုများကို ပြစ်တင်ရှုတ်ချခဲ့သည်။

“နေတန်ယာဟု အစိုးရအနေနဲ့ ဒီလိုဆိုးရွားတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေချိန်မှာ ကျွန်တော်တို့ သူတို့ဘက်ကရပ်တည်မှာမဟုတ်ဘူး။ အစ္စရေးက အသစ်ပြန်လည်ထိုးစစ်ကို ရပ် တန့်ပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအပေါ် ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးမယ်ဆိုရင် ခိုင်မာတဲ့တုံ့ပြန်ဆောင်ရွက်မှုတွေ ထပ်လုပ်သွားမှာပါ” ဟု ခေါင်းဆောင်များက ပြောကြားခဲ့သည်။

မည်သို့အရေးယူဆောင်ရွက်ရမည်ကို ၎င်းတို့ကပြောကြားခြင်းမရှိသော်လည်း “ ပါလက်စတိုင်းနိုင်ငံအား နှစ်နိုင်ငံဖြေရှင်းချက်ရရှိရန် ပံ့ပိုးကူညီမှုတစ်ခုအဖြစ် အသိအမှတ်ပြုရန် ကျွန်ုပ်တို့က ကတိပြုထားပြီး အဆုံးတိုင်အောင် အခြားသူများနှင့်လက်တွဲလုပ်ဆောင်ရန် အသင့်ရှိနေပါသည်။” ဟု ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံက ပူးတွဲတောင်းဆိုသည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ချက်ခြင်းဆိုသလို အပြည့်အဝပြန်လည်စတင်ခွင့်ပြုရန်၊ အဆိုပါနယ်မြေရှိလူများသည် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရကြောင်း သတိပြုမိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစ္စရေးသည် မတ် ၂ ရက်ကတည်းက ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရေး ပိတ်ဆို့ထားခဲ့သော်လည်း ထောက်ပံ့ရေးထရပ်ကား အရေအတွက်ကို အကန့်အသတ်ဖြင့်ခွင့်ပြုမည်ဟု တနင်္လာနေ့တွင် ကြေညာခဲ့သည်။

အကူအညီပေးရေးကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးခြင်းသည် ဂါဇာတွင် အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးခြင်းပုံရိပ်များက ၎င်းတို့ဆင်နွဲနေသည့်စစ်ပွဲ၏ တရားဝင်မှုကို ထိ ခိုက်နိုင်ခြင်းကြောင့်ဖြစ်သည်ဟု နေတန်ယာဟုက ပြောကြားသည်။

ဗြိတိန်၊ ပြင်သစ်၊ ကနေဒါနိုင်ငံများ၏ ကြေညာချက်တွင် အစ္စရေး၏ အရပ်ဘက်ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ငြင်းပယ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိသည့်အပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်မည့်အန္တရာယ်များဖြစ်သည်ဟု ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသ ဖျက်ဆီးခံရမှုကို ၎င်းတို့စိတ်ပျက်လက်ပျက်ဖြစ်ရပြီး၊ မကြာသေးမီက အရပ်သားများကို နေရာရွှေ့ပြောင်းရမည်ဟု အစ္စရေးအစိုးရအဖွဲ့ဝင်များ၏ပြောကြားချက်များသည် ရွံရှာဖွယ်ရာဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ “အမြဲတမ်း အတင်းအကျပ်ရွှေ့ပြောင်းခိုင်းတာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်မှုဖြစ်တယ်” ဟု နိုင်ငံ့ခေါင်းဆောင်များက ပြောကြားသည်။

Ref: Bangkok Post

#ယနေ့ခေတ်

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏လုပ်ရပ်များနှင့်ပတ်သက်၍ ဗြိတိန်၊ ကနေဒါနှင့် ပြင်သစ်တို့ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.