ဂါဇာ၊ မတ် ၁၈
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် ဆွေးနွေးပွဲများ မအောင်မြင်ပြီးနောက် ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး၊ အ ပစ်အခတ်ရပ်စဲရေးစတင်ခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နောက်ပိုင်း အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်သည်။
“သူတို့က ဂါဇာကမ်းမြောင်မှာ ငရဲကိုထပ်လွှတ်လိုက်တာ” ဟု ဂါဇာမြို့မှ မျက်မြင်သက်သေတစ်ဦးက ပြောသည်။
အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုက “ယခုအချိန်ကစပြီး ဟားမတ်စ်ကို စစ်အင်အားတိုးမြှင့်လုပ်ဆောင်မယ်၊ ကျွန်ုပ်တို့ရဲ့ဓားစာခံတွေကိုလွှတ်ပေးဖို့ ထပ်ခါတလဲလဲ ငြင်းဆိုခြင်းနဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွေကို ပယ်ချခြင်းကြောင့်ဖြစ်တယ်။” ဟု ပြောကြားသည်။
ဟားမတ်စ်က အစ္စရေးသည် အကာအကွယ်မဲ့အရပ်သားများကို တိုက်ခိုက်နေသည်ဟု စွပ်စွဲထားပြီး အပစ်အခတ်ရပ်စဲရေး ဖောက်ဖျက်ခြင်းအတွက် အစ္စရေးတွင် အပြည့်အ၀ တာဝန်ရှိသည်ဟု ဆိုသည်။
ဓားစာခံ ၅၉ ဦးကို ဂါဇာကမ်းမြောင်တွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း အစ္စရေးကပြောကြားထားပြီး၊ ၂၄ ဦးအထိ အသက်ရှင်နေသေးသည်ဟု ယူဆရကြောင်း အစ္စရေးက ဆို သည်။
Ref: BBC
#ယနေ့ခေတ်
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးလေကြောင်းတိုက်ခိုက် အနည်းဆုံး ၃၃၀ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်