ခြံအမှတ်(၅၄)ကို ဝယ်ယူမည့်သူမရှိ လေလံပွဲမအောင်မြင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅

ဒေါ်အောင်းဆန်းစုကြည်နေထိုင်သည့် ခြံအမှတ်(၅၄)ကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တတိယအကြိမ်မြောက် လေလံတင်ရောင်းချခဲ့ရာ လေလံပွဲအောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။

ယခုတတိယအကြိမ်မြောက်‌ ကြမ်းခင်းလေလံဈေးကို ၂၉၇ ဘီလီယံဖြင့်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)နေအိမ်ကို နှစ်ကြိမ်တိတိလေလံတင်ရောင်းချသော်လည်း ဝယ်ယူမည့်သူမရှိခဲ့ခြင်းကြောင့် ဈေးထပ်မံလျှော့ချ၍ လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“ ဘယ်သူကဝယ်မှာလဲ။ နောက်တစ်ကြိမ် လေလံဈေးထပ်လျှော့ပြီးရောင်းရင်လည်း ပျက်မှာပဲ။ ဘယ်သူမှတော့ သမိုင်းတရားခံမဖြစ်ချင်ကြဘူး။” ဟု လေလံပွဲသို့ရောက်ရှိလာသည့် ရှေ့နေတစ်ဦးက ‌ယနေ့ခေတ်သို့ ပြောသည်။

ပထမအကြိမ်လေလံပွဲတွင် ကျပ်ငွေ ၃၁၅ ဘီလီယံဖြင့် လေလံတင်ခဲ့ပြီး၊ ဒုတိယတစ်ကြိမ်တွင် ကျပ်ငွေ ၃၀၀ ဘီလီယံ(သိန်းပေါင်း ၃ သန်းတိတိ)ဖြင့် ထပ်မံလေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ခြံအမှတ်(၅၄)ကို ဝယ်ယူမည့်သူမရှိ လေလံပွဲမအောင်မြင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.