ခြံအမှတ်(၅၄)ကို  ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)နေအိမ်ကို ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါခြံနှင့်အိမ်ကို နှစ်ကြိမ်တိတိ လေလံတင်ရောင်းချသော်လည်း ဝယ်ယူမည့်သူမရှိကြောင်း၊ ထို့ကြောင့် ထပ်မံဈေးလျှော့ချ၍ လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“ လေလံတင်လည်း အတင်ပဲရှိမှာ။ ဘယ်သူကမှ မဝယ်ရဲဘူး။ အကယ်၍ ဝယ်တဲ့သူရှိရင်တောင် အဲဒီလူက သမိုင်းတရားခံဖြစ်သွားမှာ။ အဲဒါကြောင့် ဘယ်သူမှဝယ်မှာမဟုတ်ဘူး။” ဟု နေအိမ်လေလံပွဲစောင့်ကြည့်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပထမအကြိမ်လေလံပွဲတွင် လေလံပစ်ဝယ်ယူမည့်သူ မရှိခြင်းကြောင့် ယခင်ဈေး ကျပ်ငွေ ၃၁၅ ဘီလီယံမှ ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ(သိန်းပေါင်း ၃ သန်းတိတိ)နှင့် လေ လံပစ်ရန် တရားရုံးကခွင့်ပြုခဲ့ပြီး ထိုဈေးနှင့် ဒုတိယအကြိမ်မြောက် လေလံတင်ရာတွင်လည်း ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

ယခုတတိယအကြိမ် လေလံတင်ကြမ်းခင်းဈေးကို ၂၉၇ ဘီလီယံ သတ်မှတ်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ခြံအမှတ်(၅၄)ကို  ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.