ခြံအမှတ်(၅၄)ကို ငွေကျပ် ၂၇၀ ဘီလီယံဖြင့် လေးကြိမ်မြောက်လေလံတင်မည်

ရန်ကုန်၊မတ် ၂၅

ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ရန်ကုန်မြို့၊တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄)ကို ငွေကျပ် ၂၇၀ ဘီလီယံဖြင့် လေးကြိမ်မြောက် ထပ်မံလေလံတင်သွားမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

တတိယအကြိမ်မြောက် လေလံတင်ရောင်းချမှုတွင် ဝယ်ယူမည့်သူမရှိခြင်းကြောင့် ဦးအောင်ဆန်းဦးဘက်မှ ဈေးလျှော့ပြီး လေးကြိမ်မြောက်လေလံတင်တင်ရန် ကမာရွတ်ခရိုင်တရားရုံးတွင် မတ်လ ၂၀ ရက်နေ့က လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။

ယနေ့တွင် ကမာရွတ်ခရိုင်တရားရုံးမှ နှစ်ဖက်လျှောက်လဲချက်များကိုကြားနာပြီး ငွေကျပ် ၂၇၀ ဘီလီယံဖြင့် လေလံတင်ရောင်းချရန် အမိန့်ချခဲ့ကြောင်း သိရသည်။

“ ဒီအိမ်က ဈေးဘယ်လောက်လျှော့လျော့ ဝယ်မယ့်သူက ရှိလာမှာမဟုတ်ဘူး။ ဘယ်သူမှ သမိုင်းတရားခံဖြစ်ချင်မှာ မဟုတ်ဘူး။ ဘယ်သူမှလည်း ဝယ်ရဲမှာမဟုတ်ဘူး” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လေးကြိမ်မြောက်လေလံပွဲကို ဧပြီလ ၂၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါခြံကို ကျပ်ငွေ ၃၁၅ ဘီလီယံဖြင့် ပထမအကြိမ်၊ ၃၀၀ ဘီလီယံဖြင့် ဒုတိယအကြိမ်၊ ၂၉၇ ဘီလီယံဖြင့် တတိယအကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

ခြံအမှတ်(၅၄)၏ ဧရိယာအကျယ်အဝန်းမှာ ၁.၉၂၃ ဧက ကျယ်ဝန်းပြီး စတုရန်းပေ ၈၃၇၆၅.၈၈ ပေရှိကြောင်း သိရ သည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ခြံအမှတ်(၅၄)ကို ငွေကျပ် ၂၇၀ ဘီလီယံဖြင့် လေးကြိမ်မြောက်လေလံတင်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.