ချောင်းသာကမ်းခြေတွင် စက်လှေတစ်စီးပေါ်မှ WY စာတမ်းပါ မူးယစ်ဆေးပြား ၂၆ သိန်းကျော်နှင့်လူနှစ်ဦး ဖမ်းဆီးရမိ

ပုသိမ် ၊ မတ်လ ၇

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ၊ ချောင်းသာကမ်းခြေတွင် မတ်လ ၇ ရက်က WY စာတမ်းပါ မူးယစ်ဆေးအပြား ၂၆ သိန်းကျော် တင်ဆောင်လာသည့် စက်လှေတစ်စီးနှင့် လူနှစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးရမိထားကြောင်း သိရသည်။

ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ သဲဖြူကျွန်းအနီး ရေမိုင် ၅ မိုင်ခန့်တွင် မတ်လ ၇ ရက်နေ့က စက်လှေတစ်စီးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးရာမှ ထိုသို့ WY စာတမ်းပါ မူးယစ်ဆေးများ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သက်ဆိုင်ရာနှင့်နီးစပ်သူ တစ်ဦးကပြောသည်။

“ ဖမ်းမိတာဟုတ်တယ်။ မနေ့ကမိတာ။ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာသူတွေဖြစ်တဲ့ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်က အမျိုးသားတစ်ဦးနဲ့ ငွေဆောင်မြို့၊ သဇင်ကျေးရွာက အမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်ကလည်း ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး မြန်မာ့ပင်လယ်ပြင်တွင် တပ်မတော်(ရေ)တပ်က ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါး ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

ချောင်းသာကမ်းခြေတွင် စက်လှေတစ်စီးပေါ်မှ WY စာတမ်းပါ မူးယစ်ဆေးပြား ၂၆ သိန်းကျော်နှင့်လူနှစ်ဦး ဖမ်းဆီးရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.