ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉
ပုသိမ်ကြီးမြို့နယ်ရှိ ဆည်တော်ချောင်းမကြီးတွင် အမျိုးသားတစ်ဦး ချောင်းရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆည်တော်ချောင်းမကြီးတွင် ဖေဖော်ဝါရီ ၂၇ ရက်၊ ညနေ ၅ နာရီခွဲက အမျိုးသားတစ်ဦး ချောင်းရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ ဆည်တော်ချောင်းမကြီးမှာ ရေဆင်းချိုးရာကနေ ရေနစ်ပျောက်ဆုံးသွားပါတယ်။ ကာယကံရှင်မိသားစုဝင်များက အသင်းရုံးကို ဆက်သွယ်အကူအညီတောင်းခံချက်အရ တိုင်းကော်မတီရုံးက ရေငုပ်သမားများပါဝင်တဲ့ ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ရှာဖွေပေးခဲ့တယ်။ ရှာဖွေမှုများဆောင်ရွက်ခဲ့ရာ ရေနစ်ပျောက်ဆုံးသူရဲ့ ရုပ်အလောင်းကို မိနစ် ၃၀ခန့်အကြာမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ချောင်းရေဆင်းချိုရာက ရေနစ်သေဆုံးသူအမျိုးသားသည် အသက် (၇၄) နှစ်အရွယ်ရှိပြီး၊ မှန်ပင်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)
ချောင်းရေဆင်းချိုးရာက အမျိုးသားတစ်ဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်