ချီဖွေမြို့နယ်တွင် တောင်ကျချောင်းရေကြောင့် လူတစ်ဦးသေဆုံးပြီး နေအိမ် ၂၀ ကျော် ရေထဲမျောပါပျက်စီး

ရန်ကုန်၊ မေ ၂၉

ကချင်ပြည်နယ် ၊ ချီဖွေမြို့နယ်၊ မျောမောပါကျေးရွာတွင် ယနေ့ မေလ ၂၉ ရက်၊ မနက်ပိုင်းက မိုးအဆက်ပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ ရုတ်တရက်မြင့်တက်လာကာ အမျိုးသမီးတစ်ဦး ရေထဲမျောပါသေဆုံးခဲ့ပြီး၊ နေအိမ်အလုံး ၂၀ ကျော်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆက်မပြတ်ရွာသွန်းသည့်မိုးကြောင့် ရေထဲမျောပါသေဆုံးသူသည် အသက် ၅၀ အရွယ် ဒေါ် လုနန်ဆိုသူဖြစ်ပြီး မြေမြုပ်သွားသည့် ရုပ်အလောင်းကိုဖော်ယူရန် ဒေသခံများဝိုင်းဝန်းလုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ မျောမောပါရွာမှာက အိမ်ခြေ ၃၀ လောက်ပဲရှိတာပါ။ မနက်စောစော ၃ နာရီလောက်မှာ ရုတ်တရုက်ရေကြီးတာကြောင့် အခုလိုဖြစ်ရတာ။ ပြေးလို့မကောင်းတဲ့အချိန်လေ။ အမျိုး သမီးတစ်ယောက် မြေပြိုကျတဲ့အထဲပါသွားတယ်။ ရေက တဟုန်ထိုး တက်ကျဖြစ်နေတာ။ မိုးအရမ်းရွာတော့လေ။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါဒေသတွင် မေလ ၂၉ ရက်၊ မနက်ပိုင်းမှ ညနေပိုင်းအထိ မိုးဆက်ရွာသွန်းနေဆဲဖြစ်ပြီး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့များနှင့် ဒေသခံများ ပေါင်းစပ်လုပ် ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ခန့်ခန့်

Photo – CJ

ယနေ့ခေတ်

ချီဖွေမြို့နယ်တွင် တောင်ကျချောင်းရေကြောင့် လူတစ်ဦးသေဆုံးပြီး နေအိမ် ၂၀ ကျော် ရေထဲမျောပါပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.