ရန်ကုန်၊ ဇွန် ၂၆
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့တွင် အိုးဝေမောင်းသူကို ဓားဖြင့်ထိုး၍ အိုးဝေကားကိုလုယက်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ယမန်နေ့ နေ့လည် ၁၂ နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ အရှေ့မြို့ပတ်လမ်း၊ ကန်ကောက်ဘက်တွင် အိုဝေမောင်းသူ၏နောက်ကျောကို ဓားဖြင့်ထိုးကာ ကားကိုလုယက်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“ဒီမနက်နေ့လည်မှာ ငှါးသွားတာ။ ကျွဲဆယ်ကန်ကနေ အရှေ့ကန်ကောက်ဘက်ကိုငှါးတာ။ တွေ့တာ 26 A၊ ၅၃ လမ်းမှာပဲဗျ။ ဓားနဲ့ ဗိုက်ကိုတစ်ချက်။ နောက်ကျောကိုတစ်ချက်။ ပိုက်ဆံအိတ်၊ ဖုန်းနဲ့အိုးဝေကိုလည်းယူသွားတယ်။ ယူသွာတဲ့သူတွေကိုမတွေ့သေးဘူး။ အိုးဝေမောင်းတဲ့သူက ဆေးရုံတော့မသွားရဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အိုးဝေယာဉ်မောင်းအမျိုးသားသည် ဓားဒဏ်ရာများရရှိသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
ဇွန်လ ၂၀ ရက်၊ နေ့လည် ၁၂ နာရီခန့်ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် အိုးဝေးတစ်စီးခိုးခံရကာ စစ်ကိုင်းတံတားပေါ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက လူမှုကွန်ရက်ပေါ်တွင်ရေးသားထားသည်။
မန္တလေးတိုင်းတွင် ယခုလပိုင်းအတွင်း လုယက်ခံရမှု ငါးကြိမ်ထက်မနည်းရှိခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ (ပုံအဟောင်းဖြစ်ပါသည်)
ယနေ့ခေတ်
ချမ်းအေးသာစံမြို့တွင် အိုးဝေတစ်စီး လုယက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်