ရန်ကုန်၊ ဇန်နဝါရီ ၂၀
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့၌ ဆိုင်းကယ်နှင့် အိမ်စီးကားတိုက်မိရာက ဆိုင်ကယ်မောင်းသူမှာ နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့၊ ည ၁၂ နာရီ ၃၈ မိနစ်က ချမ်းမြသာစည်မြို့နယ်၊ ၅၈ လမ်းနှင့် ၁၀၇ ထောင့်တွင် ဆိုင်ကယ်နှင့် အိမ်စီးကားတို့ အရှိန်မထိန်နိုင်ပဲ ဝင်တိုက်ခဲ့ခြင်းကြောင့် ဆိုင်ကယ်မောင်းသူ မှာ နေရာတွင်သေဆုံးသွားခဲ့ပြီး၊ ဆိုင်ကယ်နောက်မှ လိုက်ပါတစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ မနေ့ညက ဆိုင်ကယ်နဲ့ကားက လမ်းကွေ့နားမှာ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ကြတာ။ ဆိုင်ကယ်မောင်းတဲ့သူကတော့ နေရာမှာပဲဆုံးသွားတယ်။ အသက်က ၄၉ နှစ်ရှိပြီလို့ သိရပါ တယ်။ မိသားစုနဲ့လည်း အဆက်အသွယ်ရပါပြီ။ နောက်တစ်ဦးကတော့ တင်ပါးဆုံရိုးကျိုးသွားပါတယ်။ တိုက်တဲ့ကားပေါ်ကလူတော့ ဒဏ်ရသွားလို့ ဆေးခန်းသွားတယ်လို့ ပြောကြ တယ်။ သူကားလည်းရှိတယ်။ သူ့သူငယ်ချင်းက မနက်ကျရင် ဆေးဖိုးတွေလာပေးမယ်လို့လည်း ပြောသွားတယ်။” ဟု မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ ခေတ်သို့ ပြောသည်။
သေဆုံးသူအမျိုးသာ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူတို့ကို မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက် ည ၁၁ နာရီခန့်ကလည်း ပုသိမ်ကြီးမြို့နယ်၊ လယ်ကောက်ရွာအရှေ့ဘက်၊ တိုးဂိတ်းပြုပြင်နေသည့်နေရာတွင် အသက် ၂၇ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး၊ လည်ပင်းဒဏ်ရာရရှိကာ၊ နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- မြရည်နန္ ဒာလူမှုကယ်ဆယ်ရေးအသင်း
ချမ်းမြသာစည်မြို့၌ ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်