ချင်းပြည်သူ့ပါတီ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ

ရန်ကုန်၊ ​မေ ၁၆

​နေပြည်​တော်​ကောင်စီနယ်​မြေရှိ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄) ပါ ပြဌာန်းချက်များနှင့် ညီညွတ်မှုမရှိခြင်းကြောင့် ချင်းပြည်သူ့ပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက်​ကြောင်း ​​မေ ၁၅ ရက်၊ ​နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ခဲ့​ကြောင်း သိရသည်။

“ ဒီ​နေ့ထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာတဲ့ အဖွဲ့ ၁၅ ဖွဲ့ရှိနေပါပြီ။ လျှောက်ထားတဲ့အဖွဲ့တွေထဲက ၁၂ ဖွဲ့ကို ပါတီတည်ထောင်ခွင့်ပြု​ပေးခဲ့ပါတယ်။ UEC အ​နေနဲ့ ဒီမိုက​ရေစီပါတီကိုလည်း တည်​ထောင်ခွင့် ငြင်းပယ်ထားပါတယ်။ ပါတီတည်​ထောင်ခွင့် ငြင်းပယ်လိုက်တာ ပါတီနှစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၄) ပါ ပြဌာန်းချက်များနဲ့ ညီညွတ်မှုမရှိခြင်းကြောင့်ပါ။” ဟု ပြည်​ထောင်စုရွေး​ကောက်ပွဲ​ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

လက်ရှိ UEC အနေဖြင့် ဒီမိုကရေစီပါတီကိုလည်း တည်ထောင်ခွင့်ငြင်းပယ်ထားခြင်းကြောင့် ပါတီတည်ထောင်ခွင့် ငြင်းပယ်ခံရသည့် ပါတီနှစ်ခုရှိပြီဖြစ်ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – UEC

ချင်းပြည်သူ့ပါတီ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.