ခိုတောင်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသော မြန်မာလူငယ်နှစ်ဦးအတွက် ထပ်မံအယူခံတင်သွင်း

ဘန်ကောက်၊ ဧပြီ ၇

ဗြိတိန်နိုင်ငံသားခရီးသွားစုံတွဲ အသတ်ခံရမှုနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးသည် ၎င်းတို့အပေါ် ချမှတ်ထားသော ပြစ်ဒဏ်များနှင့်ပတ်သက်ပြီး အယူခံထပ်မံတင်သွင်းလျှောက်ထားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ဒေးဗစ်မေလာနှင့် ဟန်နာ ဝီသာရစ်ချ်တို့နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သ လို ဘားအလုပ်သမားများဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့နှစ်ဦးကို လူသတ်မှုဖြင့်စွဲချက်တင်ကာ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားနှစ်ဦးက ၎င်းတို့သည် ပြီးခဲ့သော ၁၀ နှစ်ခန့်ကဖြစ်ပွားခဲ့သော ဗြိတိန်ခရီးသွားစုံတွဲ အသတ်ခံရမှုတွင် တစ်စုံတရာပါဝင်ခြင်းမရှိသလို သိရှိခြင်းလည်းမရှိကြောင်း ထပ်မံအယူခံတင်သွင်း လျှောက်ထားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားနှစ်ဦးက ၎င်းတို့သည် အကျဉ်းထောင်ထဲတွင် ၁၀ နှစ်နီးပါးကြာ နေထိုင်ခဲ့ရသော်လည်း ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်ဖြတ်ခြင်းမျိုးမရှိခဲ့ကြောင်း ထပ်မံပြောဆိုထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားနှစ်ဦးသည် သေဒဏ်ချမှတ်ခံထားရမှုနှင့်ပတ်သက်ပြီး အပြစ်မရှိကြောင်းကို ထိုင်းအာဏာပိုင်များထံစာရေးပြီး အယူခံတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့နှစ်ဦးသည် လက်ရှိအချိန်တွင် အသက် ၂၉ နှစ်အရွယ်ရှိနေပြီး၊ အကျဉ်းထောင်ထဲတွင် အပြစ်မရှိဘဲ ၁၀ နှစ်ကြာနေထိုင်ခဲ့ရကြောင်း ဆိုထားသည်။

ဇော်လင်း က “ ကျွန်တော်တို့ဟာအပြစ်မရှိဘဲ အကျဉ်းထောင်ထဲမှာ ၁၀ နှစ်ကြာနေထိုင်ခဲ့ရတယ်။ ဒါဟာမယုံနိုင်စရာပါပဲ။ ကျေးဇူးပြုပြီး ကျွန်တော်တို့အမှုကို ထပ်မံစစ်ဆေးပေးနိုင်ပါသလား။ ကျွန်တော်တို့ဟာ ခိုတောင်ကျွန်းမှာသေဆုံးခဲ့တဲ့ ဗြိတိန်စုံတွဲကို တွေ့မြင်ဖူးတာမျိုးမရှိပါဘူး။” ဟု ပြောသည်။

ထိုင်းနိုင်ငံ Bang Kwang အကျဉ်းထောင်တွင် နေထိုင်နေရသည့်ဇော်လင်းသည် အကျဉ်းထောင်ထဲမှ စာပေါင်းများစွာရေးသားခဲ့ပြီး အမှုနှင့်ပတ်သက်ပြီး တစ်စုံတရာမသိရှိကြောင်း၊ ၎င်းတို့ကို ပြန်လွှတ်ပေးစေလိုကြောင်း ရေးသားတောင်းဆိုထားသည်။

ဇော်လင်းက “ ကျွန်တော်ဟာ ဒီလဆိုရင် အသက် ၂၉ နှစ်ပြည့်ပြီ၊ ဘာပြစ်မှုမှမကျုးလွန်၊ မသိရှိဘဲနဲ့ လူငယ်ဘဝဟာ အကျဉ်းထောင်ထဲမှာ အချိန်ကုန်ခဲ့ရတယ်။ ကျွန်တော်တို့ဟာ ထောင်ထဲမှာ နှစ်ပေါင်းများစွာကြာနေထိုင်ခဲ့ရလို့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အကျဉ်းထောင်က ပြန်လွှတ်မယ်လို့ထင်ခဲ့မယ်၊ ဘာမှမသိရှိဘဲ အကျဉ်းထောင်ထဲမှာနေထိုင်နေရတာက အရမ်းဝမ်းနည်းစရာကောင်းတယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

aseannow.com

ခိုတောင်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသော မြန်မာလူငယ်နှစ်ဦးအတွက် ထပ်မံအယူခံတင်သွင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.