ခရီးသည်ယာဥ်နှင့် ဂတ်စ်အိုးများသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တို့ တိုက်မှုဖြစ်ပွား

ကျိုက်ထို၊ ဧပြီ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထို-ဘီးလင်းအကြား၊ မိုင်တိုင်အမှတ် ၁၉၆/၇၊ သံတံတားအနီးတွင် ဧပြီ ၁၁ ရက်၊ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်က ခရီးသည်တင်ယာဥ်နှင့် ဂတ်စ်အိုးများ သယ်​ဆောင်လာသည့် ကုန်တင်ယာဥ်တို့ တိုက်မှုဖြစ်ပွားခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

“ ခရီးသည်ယာဥ်နဲ့ ဂတ်စ်အိုး​တွေ သယ်​ဆောင်လာတဲ့ကား တိုက်မှုဖြစ်တယ်။ ဂတ်စ်အိုး​တွေသယ်​ဆောင်လာတဲ့ယာဥ် တိမ်း​မှောက်သွားပါတယ်။ ဂတ်စ်အိုး​တွေ ​ပေါက်ကွဲပျက်စီးမှုမဖြစ်​အောင် အချိန်မီ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လူထိခိုက်​သေဆုံးမှု မရှိခဲ့ပါဘူး။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ယာဥ်တိုက်မှု​ကြောင့် ယာဥ်​မောင်းများနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့​သော်လည်း ​မော်​တော်ယာဥ်နှစ်စီးစလုံး ထိခိုက်ပျက်စီးမှုရှိခဲ့​ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်နှင့် ဂတ်စ်အိုးများသယ်​ဆောင်လာသည့်ကုန်တင်ယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့​ခြင်း​ကြောင့် ဘီးလင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ‌ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဂတ်စ်အိုးများ မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။


မြင့်မြတ်​အောင်မြင်

ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ခရီးသည်ယာဥ်နှင့် ဂတ်စ်အိုးများသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တို့ တိုက်မှုဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.