ရန်ကုန်၊ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီးရှိ ကျေးရွာတစ်ရွာတွင် ယနေ့ နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးငယ်များအပါအဝင် ဒေသခံဆယ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်က တမူး- ခမ်းပတ်ကားလမ်းပေါ်ရှိ ကနန်ရွာ၊ အထက်တန်းကျောင်းအနီး လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဒေသခံဆယ်ဦးထက်မနည်း သေဆုံး ခဲ့ကာ နှစ်ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ လေကြောင်းကနေ ဗုံးနှစ်ကြိမ်ကြဲတာလို့ကြားတယ်။ ကနန်ရွာ စာသင်ကျောင်းနားကအိမ်တွေကို ထိမှန်တာ။ ကနဦးက ဆယ်ဦးသေဆုံးတယ်။ ဒီညနေပိုင်းအထိ ဒဏ်ရာရတဲ့သူ တွေထဲက သေဆုံရသူတွေ ထပ်တိုးလာတယ်လို့လည်း သိရတယ်။” ဟု ဒေသတွင်း လူမှုကူညီရေးလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
သေဆုံးသူများတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များမှ အသက် ၈၀ အထက် သက်ကြီးရွယ်အိုများလည်းပါဝင်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ထို့ပြင် ကျေးရွာအတွင်းရှိ လူနေအိမ်ငါးလုံးထက်မနည်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ခမ်းပတ်မြို့အနီး လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံများသေဆုံးကြောင်း ဒေသတွင်းသတင်းများနှင့် ပတ်သတ်၍ ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိ သေးပေ။
ခမ်းပတ်မြို့အနီးတွင် နိုဝင်ဘာလအတွင်းမှစ၍ နစကတပ်များနှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ PDF များအကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် PDF များက မြို့ကိုထိန်း ချုပ်ထားကြောင်း သိရသည်။
ခမ်းပတ်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းက နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ကာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ များ၏ စခန်းများအား ရှင်း လင်းခဲ့ကြောင်း လုံခြုံးရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
ဓာတ်ပုံ – စီဂျေ
ခမ်းပတ်မြို့အနီး လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံဆယ်ဦးထက်မနည်းသေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်