ကြံ၊ တစ်သျှူးငှက်ပျောနှင့် ဖရဲတင်ပို့မှု ခက်ခဲလာနိုင် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကြံ၊ တစ်သျှူးငှက်ပျောနှင့် ဖရဲတင်ပို့မှု ခက်ခဲလာနိုင်ကြောင်း ခွာညိုသစ်သီးပွဲရုံမှ သိရသည်။

“ အခုသွားနေတဲ့ လမ်းကြောင်းက အခက်အခဲလေးတွေတော့ရှိတယ်။ ကုန်ထုတ်လမ်းကြောင်း ပေါက်တယ်ဆိုရုံလေးပဲရှိတယ်။ မကြာခင်ရောက်တော့မယ့် ကြံရာသီ၊ တစ်ရှူးငှက် ပျောရာသီနဲ့ ဖရဲအထွက်များလာရင် အခုထက်ပို ခက်နိုင်တယ်။” ဟု ခွာညိုသစ်သီးပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖရဲ၊ သခွားကားများသည် မိုင်းလားဘက်မှ အများဆုံးသွားနေပြီး ကားချိန်းအလုပ်သမားခအပါအဝင် စုစုပေါင်းကုန်ကျငွေကျပ် သိန်း ၁၂၀ ရင်းမှသာ ဖရဲရောင်းရ ကြောင်း သိရသည်။

သစ်သီးရာသီချိန်တွင် မူဆယ်(၁၀၅) မိုင်ဇုန်မှ တရုတ်ဘက်သို့ အဓိကတင်ပို့ ရောင်းခြင်းဖြစ်ကြောင်း၊ ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဇုန်သည် ကုန်သွယ်‌မှုရပ်တန့်နေခြင်းကြောင့် ကုန်သည်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်းဘက်မှ လမ်း ကြောင်းပြောင်းလဲ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေး၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး၊ မိုင်းလား နယ်စပ်ကုန်သွယ်ရေး၊ ကန်ပိုက်တီးနှင့် လွယ် ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ အဓိကကုန်သွယ်ခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ- အင်တာနက်

#ယနေ့ခေတ်

ကြံ၊ တစ်သျှူးငှက်ပျောနှင့် ဖရဲတင်ပို့မှု ခက်ခဲလာနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.