ကြံတစ်တန် ၁၈၀,၀၀၀ ကျပ်နှုန်းဖြင့် နဝဒေးသကြားစက်ရုံ ဈေးစဖွင့်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

၂၀၂၄-၂၀၂၅ ခုနှစ် ကြိတ်ဝါးရာသီ၊ သန့်ရှင်းလတ်ဆက်သော ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ကျပ် ၁၈၀,၀၀၀ နှုန်းဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း နဝဒေးသကြားစက်ရုံက ကြေညာထားသည်။

ကြံစိုက်တောင်သူများအနေဖြင့်လည်း မိမိတို့၏ကြံများအား အဖူး၊ အမြစ်၊ အမှိုက်များကင်းစင်းပြီး သန့်ရှင်းလတ်ဆတ်သောကြံများကိုသာ သယ်ယူရောင်းချပေးရန် မေတ္တာရပ်ခံထားသည်။

“ သကြားစက်ရုံတစ်ခုနဲ့တစ်ခု ဈေးဖွင့်တာမတူကြဘူး။ အမြင့်ဆုံး ၂၀၀,၀၀၀ အထိဈေးဖွင့်တဲ့ စက်ရုံတွေရှိတယ်။ သွင်းအားစုစရိတ်တွေကလည်း တောက်လျှောက်တတ်လာတယ်။ ၁၈၀,၀၀၀ တော့ သိပ်မကိုက်ဘူး။ ကိုယ့်အတွက်မကျန်ဘူး။” ဟု ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

ကြံစိုက်တောင်သူများအနေဖြင့် သွင်းအားစု၊ လုပ်သားစရိတ်၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးများ မြင့်တက်နေခြင်းနှင့် စိုက်ပျိုးစရိတ်မြင့်မားလာခြင်းကြောင့် ကြံတစ်တန်ဈေး ကျပ် ၂၅၀,၀၀၀ ရမှသာ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ရှိ မြဘုရင်သကြားစက်က စက်ရုံအရောက်စျေး ကြံတစ်တန်ကို ၂၀၀,၀၀၀ ကျပ်ဖြင့် ဈေးစဖွင့်ထားသော်လည်း၊ ကျန်ရှိသည့်သကြားစက်ရုံများအနေဖြင့် ဈေးဖွင့်ထားခြင်းမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်ကြံရာသီတွင် ကြံတစ်တန်စက်ရုံအရောက်ဈေး အမြင့်ဆုံး ၁၅၀,၀၀၀ ကျပ်အထိ စျေးဖွင့်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ – အစိမ်းရောင်လမ်း

ကြံတစ်တန် ၁၈၀,၀၀၀ ကျပ်နှုန်းဖြင့် နဝဒေးသကြားစက်ရုံ ဈေးစဖွင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.