ရန်ကုန်၊ မတ် ၁
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားဂရာဆိပ်ကမ်းအနီးတွင် သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ရန်ကုန်တိုင်း (YRO) မှ သိရ သည်။
ယနေ့ မတ်လ ၁ ရက်၊ နံနက် ၂ နာရီ ၂၃ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဗားဂရာဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း ဆိုက်ကပ်ထားသည့် လောင်စာဆီများအပါအဝင် အခြားကုန်ပစ္စည်းများတင်ဆောင်ထားသည့် ကုန်တင်သင်္ဘောပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ အမျိုးသားတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ သင်္ဘောမီးလောင်တာ တော်တော်များတယ်။ ပေါက်ကွဲသံက အကျယ်ကြီးကြားရတယ်။ သင်္ဘောပေါ်မှာတင်ထားတဲ့ လောင်စာဆီတွေပေါက်ကွဲပြီး မီးလောင်တာ။ သင်္ဘောဝမ်းဗိုက်ထဲမှာရှိတဲ့ အမျိုးသားတစ်ယောက် မီးလောင်ပြီး သေတယ်။ တစ်ယောက်က ခေါင်းကွဲသွားတယ်။ သင်္ဘောက မီးလောင်လို့ ခါးကနေနှစ်ပိုင်းကျိုးသွားတယ်။ ဆုံးရှုံးမှုတော့များနိုင်တယ်။” ဟု YRO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် မီးလောင်သည့်ဖြစ်စဥ် ၈၄ ကြိမ်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အောင်သူရိန်
ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ကြည့်မြင်တိုင်မြို့နယ် ဗားဂရာဆိပ်ကမ်းအနီး ကုန်တင်သင်္ဘောတစ်စီးမီးလောင် တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်