ကြည့်မြင်တိုင်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၇

ဇန်နဝါရီ ၆ ရက်(ယမန်နေ့)က ကမ်းနားလမ်းနှင့် ဗားကရာလမ်းထောင့်၌ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဇန်နဝါရီ ၆ ရက်၊ ညနေပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗားကရာလမ်းထောင့် ကမ်းနားလမ်းပေါ်တွင် အမျိုးသားတစ်ဦးလမ်းဖြတ်ကူးစဉ် သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ အပစ်ခံရတဲ့သူက ဈေးကလေးရပ်ကွက်က အုပ်ချုပ်ရေးမှူးပါ။ သူ့ကိုသတ်တဲ့သူက ဘယ်သူဘယ်ဝါမှန်း သေချာမသိရဘူး။ သူ့ကို သတိပေးစာတွေဘာတွေအရင်ပို့တယ်လို့ကြားတယ်။ သေချာတော့မသိရဘူး။” ဟု ဈေးကလေးရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် ကမ်းနားတွင်တပ်ဆင်ထားသည့် CCTV မှတ်တမ်းအရ ကမ်းနားလမ်းဘေးတွင်ရပ်နေသည့် အမျိုးသားတစ်ဦးသည် သေနတ်ကို ပီနံအိတ်တစ်လုံးဖြင့်စွပ်ကာ ကမ်းနားလမ်းလယ် ဘလောက်တုံးပေါ်တွင် လမ်းလျှောက်နေ သည့် အမျိုးသားတစ်ဦးကို အနောက်မှပစ်ခတ်ထွက်‌ပြေးခဲ့သည်ကိုတွေ့ရကြောင်း၊ အဆိုပါ ပစ်သတ်ခံရသည့် အ မျိုးသားကိုလည်း အချိန်ကြာသည်အထိ လမ်းပေါ်တွင်ထားထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အသေးစိတ်ကိုစုံစမ်း နေဆဲဖြစ်ကြောင်း ယနေ့ခေတ်သတင်းဌာနသို့ ပြန်လည်ဖြေကြားထားသည်။

#စုစု

ဓာတ်ပုံ – CCTV

#ယနေ့ခေတ်

ကြည့်မြင်တိုင်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.