ကြက်သွန်နီ တစ်ပိဿာ လေးထောင်ကျပ်နီးပါးအထိ ဈေးနှုန်မြင့်တက်

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ပြည်တွင်းကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ၄၀၀၀ ကျပ်နီးပါးအထိ မြင့်တက်လာကြောင်း ပွဲရုံများမှ စုံစမ်းသိရှိရသည်။

အိန္ဒိယနိုင်ငံမှ ပို့ကုန်အခွန် တိုးမြှင့်ပြောင်းလဲလိုက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် မြန်မာ့ကြက်သွန်နီကို ပြန်လည်ဝယ်ယူမှု များလာသည့်အတွက် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ ကြက်သွန်ဈေးကတော့ တောက်လျှောက်တတ်လာတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က တောက်လျှောက်ဆင်းဝယ်နေကြတာ။ တရုတ်ကတော့ ရပ်ထားတယ်။” ဟု ရွှေပြည့်အောင်ပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကြက်သွန်နီ ကုန်စည်ဒိုင်ဈေး တစ်ပိဿာ ကျပ် ၃၂၀၀ အထိသာ အများဆုံးရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း ၃၉၅၀ ကျပ်အထိ ဈေးမြင့် တက်လာခဲ့ကြောင်း သိရသည်။

မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းအပြင် တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပါ တင်ပို့ရောင်းချမှုရှိခဲ့သော်လည်း လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုရပ်နားထား ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းကိုသာ အဓိကတင်ပို့နေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး၊ နှစ်စဉ် တန်ချိန်တစ်သန်းကျော်ထွက်ရှိသော်လည်း ပြည်ပတင်ပို့မှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန်တစ်သိန်းဝန်း ကျင်သာရှိကြောင်း သိရသည်။

ကြက်သွန်နီအထွက်နှုန်းနှင့် ပြည်ပတင်ပို့နိုင်မှုတို့အပေါ် မူတည်၍ ကြက်သွန်စျေးနှုန်း အပြောင်းအလဲဖြစ်ပေါ်ခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ယနေ့ခေတ်

Published by Ju Jue  · 5h  ·

လွိုင်ကော်၌ ဒေသခံသောင်းချီ အရေး

ကြက်သွန်နီ တစ်ပိဿာ လေးထောင်ကျပ်နီးပါးအထိ ဈေးနှုန်မြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.