ကြက်သွန်နီဈေးကွက် ပြည်တွင်း၊ ပြည်ပအဝယ်အေးနေသော်လည်း အတက်ဈေးတွင် ရှိနေ

ရန်ကုန်၊ စက်တင်ဘာ ၆

လက်ရှိ ကြက်သွန်နီဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပအဝယ်အေးနေသော်လည်း အတက်ဈေးတွင်ရှိနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ယခုကာလသည် မိုးများသည့်အတွက် အရည်အသွေးညံ့သည့် ကြက်သွန်နီများသာ အများဆုံးထွက်ရှိနေသဖြင့် အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ ကြက်သွန်ကတော့ အေးတယ်။ အရင်ကဆို ဘုရင့်နောင်ကုန်စည်ဒိုင်ကို တနေ့ အစီးရေ ၁၂ စီးလောက်ဝင်တယ်။ အခုဆို ၂ စီးလောက်ပဲ ဝင်လာတော့တယ်။ ပစ္စည်းတွေကမိုးများ တော့ မကောင်းဘူး။ ညံ့တယ်။ နယ်စပ်ပို့တယ့်ဟာတွေဆိုလည်း အဆင်မပြေဘူး။” ဟု ရွှေပြည့်အောင်ပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံထွက် ကြက်သွန်နီကို တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က အဝယ်ရှိနေသော်လည်း ယခင်ကလောက် များပြားခြင်းမရှိဟု သိရသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း မြန်မာနိုင်ငံမှ ကြက်သွန်နီတန်ချိန် (၂၀၀) ကို ဝယ်ယူတင်သွင်းမည်ဟု ဆိုသော်လည်း ယခုအချိန်အထိ ဝယ်ယူခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ကြက်သွန်နီ တန်ချိန် (၁) သိန်းကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။‌

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ကြက်သွန်နီ တစ်ပိဿာ ကုန်စည်ဒိုင်စျေး ကျပ် ၂,၀၀၀ ဝန်းကျင်တွင်သာရှိခဲ့ပြီး လက်ရှိဈေးမှာ တစ်ပိဿာ အမြင့်ဆုံးကျပ် ၃၅၀၀ အထိ ဈေးရ နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန်တစ်သန်းကျော်ထွက်ရှိကာ ပြည်ပတင်ပို့မှုအနေဖြင့် တနှစ်လျှင် တန်ချိန် တစ်သိန်းဝန်းကျင်သာ ရှိကြောင်း သိရသည်။

စုစု

ဓာတ်ပုံ-အင်တာနက်

#ယနေ့ခေတ်

ကြက်သွန်နီဈေးကွက် ပြည်တွင်း၊ ပြည်ပအဝယ်အေးနေသော်လည်း အတက်ဈေးတွင် ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.