ကျွန်းလှမြို့နယ်ရှိ စစ်ဘေးရှောင် ၄၀၀၀ ကျော် အရေးပေါ်အကူအညီများလိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိကျေးရွာများမှ ဒေသခံစစ်ဘေးရှောင် ၄၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပြင် အနွေထည်နှင့် စောင်များလိုအပ်နေကြောင်း၊ အလှူရှင်များနည်းလာခြင်း၊ နယ်မြေအတွင်းသွားလာရခက်ခဲခြင်း၊ ကုန်ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် စစ်ဘေးရှောင်များမှာ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

“ စားနပ်ရိက္ခာတွေ အဓိကလိုအပ်တယ်။ ဆောင်တွင်းရောက်လာပြီဆိုတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက အအေးဒဏ်မခံနိုင်ကြဘူး။ သူတို့အတွက် အနွေးထည်နဲ့စောင်တွေ အရေးပေါ်လိုအပ်တယ်။” ဟု စစ်ဘေးရှောင်များကိုကူညီနေသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များနှင့် နစကတပ်တို့ တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏဖြစ်ပေါ် နေပြီး ဒေသခံ ၈၀၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

#ခန့်ခန့်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ကျွန်းလှမြို့နယ်ရှိ စစ်ဘေးရှောင် ၄၀၀၀ ကျော် အရေးပေါ်အကူအညီများလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.