တိုကျို၊ ဇွန် ၉
ဂျပန်အစိုးရသည် အငြင်းပွားနေသည့် အရှေ့တရုတ်ပင်လယ်အတွင်းက ကျွန်းစုနားသို့ လက်နက်တပ်ဆင်ထားသော တရုတ်စစ်သဘော်လေးစင်း ချဥ်းကပ်လာခြင်းကို ကန့်ကွက်လိုက်ကြောင်း သိရသည်။
ဂျပန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိုရှိမာဆာ ဟာယာရှီက ဆန်ကာကုကျွန်းဝန်းကျင်ရှိ ဂျပန်ရေပိုင်နက်နားကို တရုတ်စစ်သဘော်လေးစင်း ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံကလည်း အဆိုပါကျွန်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်းပြောဆိုထားရာ နှစ်နိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ကြောင်း သိရသည်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့သည် ၎င်းတို့ကျွန်းနားသို့ဝင်ရောက်လာသော တရုတ်စစ်သဘော်များကိုသတိပေးခဲ့ရာ တရုတ်စစ်သဘော်များ ပြန်ထွက်သွားကြောင်း သိရသည်။
တရုတ်စစ်သဘော်များသည် အဆိုပါဂျပန်ရေပိုင်နက်အတွင်း ၂ နာရီကြာ ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ များသည် နိုင်ငံတာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက ပြောသည်။
ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏လုပ်ရပ်များကို သည်းခံနေမည်မဟုတ်ကြောင်း၊ အငြင်းပွားနေသည့် ဂျပန်ပိုင်နက်အတွင်းသို့ လက်နက်တပ်ဆင်ထားသော တရုတ်စစ်သင်္ဘာများ အုပ်စုလိုက်ဝင်ရောက်ခြင်းက ပထဆုံးဖြစ်ကြောင်း ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com
ကျွန်းပိုင်နက်အငြင်းပွားမှုများကြောင့် ဂျပန်နှင့်တရုတ် တင်းမာမှုဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်