ကျောင်းသားချင်း ခိုက်ရန်စကားများရာမှ ​ချွန်ထက်​သောအရာဖြင့် ထိုးခံရခြင်း​ကြောင့် ​တစ်ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မိတ္ထီလာမြို့နယ်တွင် ကျောင်းသားချင်း ခိုက်ရန်စကားများရာမှ ​ချွန်ထက်​သောအရာဖြင့် ထိုးခံရခြင်း​ကြောင့် ၉ တန်းကျောင်းသားတစ်ဦး ​သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း​​ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပြည်သာယာမြောက်ရပ်ကွက်ရှိ စာသင်ကျောင်းတွင်​ ဇန်နဝါရီ ၁၈ ရက်၊ နံနက် ၉ နာရီက ​ကျောင်းသားချင်း ခိုက်ရန်စကားများရာမှ ​ချွန် ထက်​သောအရာဖြင့် ထိုးခံရခြင်း​ကြောင့် ၉ တန်းကျောင်းသားတစ်ဦး ​သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

“ ပြည်သာယာ​မြောက်ရပ်ကွက်မှာရှိတဲ့ စာသင်​ကျောင်းတစ်ခုမှာ ၉ တန်းကျောင်းသားချင်း စကားများရန်ဖြစ်ရာမှ ချွန်ထက်တဲ့အရာတစ်ခုနဲ့ ထိုးသွင်းခံလိုက်ရတာပါ။ ထိုးခံရတဲ့ ကျောင်းသားက ဆေးရုံရောက်တဲ့ချိန်မှာ သေဆုံးသွားပါတယ်။” ဟု ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

ထိုသို့ ထိခိုက်ဒဏ်ရာရရှိခဲ့သူနှင့် ​သေဆုံးသူတစ်ဦးတို့ကို မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ကူညီပေးခဲ့​ကြောင်း ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

မြင့်မြတ်​အောင်မြင် 

ဓါတ်ပုံ – ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း
ဓါတ်ပုံ – နာရေးကူညီမှုအသင်း(အောင်ပန်း)

ကျောင်းသားချင်း ခိုက်ရန်စကားများရာမှ ​ချွန်ထက်​သောအရာဖြင့် ထိုးခံရခြင်း​ကြောင့် ​တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.