ကျောင်းထိုင်ဆရာ​တော်အား အရက်မူးပြီး ​ဓားဖြင့်ထိုးရန်ပြုလုပ်သဖြင့် လူဝတ်လဲဖမ်းဆီး

အုတ်တွင်း၊ဧပြီ ၁၂

ပဲခူးတိုင်း​ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ မဲကုန်းရပ်ကွက်၊ ကံ​​တော်​ကျောင်းတိုက်တွင် ဧပြီ ၁၁ ရက်၊ ည ၈ နာရီ ၅၆ မိနစ်က လာ​ရောက်သီတင်း​နေထိုင်​တော်မူ​​သော သံဃာ​တော်နှစ်ပါးက အရက်မူးပြီး ​ကျောင်းထိုင်ဆရာ​တော်အား ဓားဖြင့်ထိုးရန်ပြုလုပ်သဖြင့် ဖမ်းဆီးလူဝတ်လဲ အ​ရေးယူလိုက်​ကြောင်း သိရသည်။

“ မြို့နယ်ဥက္ကဌဆရာ​တော်ကြီးက ဖုန်းဆက်ညွှန်ကြားလို့ အုတ်တွင်းမြို့၊ မဲကုန်းရပ်ကွက်၊ ကံ​တော်​ကျောင်းမှာ လာ​ရောက်သီတင်းသုံးတဲ့ သံဃာ​တော်နှစ်ပါးက ​ကျောင်းထိုင်ဆရာ​တော်ကြီးကို ဓားနဲ့ထိုးမယ်လုပ်တယ်။ ဒါ​ကြောင့် ဒီကိုယ်​တော်နှစ်ပါးကို သိက္ခာချ လူဝတ်လဲပြီး သက်ဆိုင်ရာကို လွှဲအပ်လိုက်ပါပြီ။” ဟု ဆရာ​တော်အရှင်တေဇ (ဝိသောဓနီ)က မိန့်ကြားသည်။

ပဲခူးမြို့နယ်ဥက္ကဌ ဆရာတော်ကြီး၏ ညွှန်ကြားချက်အရ အုတ်တွင်းမြို့၊ မဲကုန်းရပ်ကွက်၊ ကံတော်ကျောင်းတွင် လာရောက်သီတင်းသုံး​​တော်မူ​သော သံဃာ​တော်နှစ်ပါး၏ အရက်​သေစာ သောက်စားမူးယစ်ခြင်း​ကြောင့် ရပ်ကျေးဥက္ကဌ ဆရာတော်နှင့် အကျိုးတော်ဆောင်ဆရာတော်များက သိက္ခာချလူဝတ်လဲပြီး အုတ်တွင်းမြို့မရဲစခန်းက တာဝန်ရှိသူများထံ လွှဲ​ပြောင်းအပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ သိက္ခာချ လူဝတ်လဲ သံ​ဃာ​တော်နှစ်ပါးအား အုတ်တွင်းမြို့မရဲစခန်းက သာသနာညိုးနွမ်းစေမှု ပုဒ်မ (၂၉၅/၂၉၅-က)ဖြင့် အမှုဖွင့်အ​ရေးယူလိုက်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓါတ်ပုံ – ဆရာ​တော်အရှင်တေဇ (ဝိသောဓနီ)

ကျောင်းထိုင်ဆရာ​တော်အား အရက်မူးပြီး ​ဓားဖြင့်ထိုးရန်ပြုလုပ်သဖြင့် လူဝတ်လဲဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.