ကျောင်းကုန်းမြို့နယ်တွင် အမျိုးသားကဇနီးကို သံပိုက်လုံးဖြင့်ရိုက်သတ်ပြီး အလောင်းဖျောက်

ကျောင်းကုန်၊ မတ်လ ၂၉

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ကညင်သုံးဆင့်ကျေးရွာတွင် မတ်လ ၂၇ ရက်က ပိုင်ဆိုင်မှုခွဲဝေသည့်ကိစ္စဖြင့် ရန်ဖြစ်ပြီး အမျိုးသားကဇနီးကို သံပိုက်လုံးဖြင့် ရိုက်သတ်ပြီး အလောင်းဖျောက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်များထံမှ သိရသည်။

“ အမေသူဖြစ် အသတ်ခံရတာကို သားကသိပြီး ရဲစခန်းမှာတိုင်တန်းလိုက်လို့ ဖြစ်စဉ်အမှန်က ပေါ်ပေါက်သွားတာ။ ပိုင်ဆိုင်မှုခွဲပေးဖို့ကိစ္စပြောရင်း လင်ကမယားကိုအခုလို သတ်ဖြတ် အလောင်းဖျောက်တာလို့ သိရတယ်။” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးအလောင်းကို ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် ၆၆/၀ နှင့် ၆၆/၁ ကြားရှိ မိသားစုပိုင်ဆိုင်သော ၁ ဧကခန့်ရှိ ပိန်းဥစိုက်ခင်းအတွင်း နွားတင်းကုတ်အဟောင်း၌ ကျင်းတူးမြှုပ်နှံ့ထားသည့်နေရာတွင် ယာဘက်ဦးခေါင်းခွံရိုး ကွဲအက်ချိုင့်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဘက်ဦးခေါင်း ၄ လက်မခန့် ကွဲအက်ဒဏ်ရာတစ်ချက် စုစုပေါင်းဒဏ်ရာခြောက်ချက်ဖြင့် မြုပ်နှံထားသည့်အလောင်းကို တွေ့ရှိခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နဲ့နီးစပ်သူ နောက်ထပ်တစ်ဦးက ပြောသည်။

“ ၂၇ ရက်၊ ည ၁၀ နာရီကျော်ကျော်အချိန်မှာဖြစ်တာ။ သားသမီးတွေမရှိချိန် လင်မယားပိုင်ဆိုင်တဲ့ လယ်မြေ ၂၈ ဧကကို ပိုင်ဆိုင်မှုခွဲဝေဖို့ပြောဆိုရင်း အဆင်မပြေပြီး ဇနီးဖြစ်သူ အိပ်နေတဲ့အချိန် အသက် ၅၃ နှစ်အရွယ် ဦးမိုးဇယ်က သံပိုက်လုံးနဲ့ရိုက်သတ်တာ။ ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတာ။ အမျိုးသမီးအလောင်းဖျောက်ထားတာပေါ့။ အသက် ၅၃ နှစ်အရွယ် ဦးမိုးဇယ်က ရဲစခန်းမှာထွက်ဆိုခဲ့ထားတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏သားဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းမှုကြောင့် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ ဦးမိုးဇယ်ကို ၅၃ နှစ်ကိုဖမ်းဆီးပြီး ဥပဒေနှင့်အညီ စစ်ဆေးနေသည်ဟု သိရသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

ကျောင်းကုန်းမြို့နယ်တွင် အမျိုးသားကဇနီးကို သံပိုက်လုံးဖြင့်ရိုက်သတ်ပြီး အလောင်းဖျောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.