ရန်ကုန်၊ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ တိလင် (၉) ရပ်ကွက်တွင် နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျပေါက်ကွဲမှုကြောင့် နေအိမ်နှင့် ကားတစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၆ နာရီဝန်ကျန်ခန့်က နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည့် ကျောက်မဲမြို့၊ တိလင် (၉) ရပ်ကွက်၊ ငြိမ်းချမ်းရေးကုန်းဘုရားအနီရှိ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် ကားတစ်စီးနှင့် နေအိမ်ပျက်စီးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
![](https://i0.wp.com/ynkhit.com/wp-content/uploads/2023/12/403408818_1054257652558480_7983927942776131580_n.jpg?resize=689%2C460)
“ကျွန်တော်သိရသလောက်တော့ ဒီနေ့မနက်ဖြစ်တာပဲဗျ။ ကျွန်တော်တို့ ဒီနေ့တော့ အဲ့နေရာကို မရောက်ဘူး။ အသံတော့ကြားတယ်။ အိမ်တစ်လုံးနဲ့ ကားတစ်စီးပျက်တာတော့ ရှိတယ်ဗျ။ လူထိခိုက်မှုတော့မရှိဘူး။” ဟု ဒေသခံလူမှုကူ ညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပြင်ရှိ Asia World Toll Gate အနီးတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့၍ တိုးဂိတ်အနီးရှိ စက် သုံးဆီဆိုင် တစ်ဆိုင်လုံးနီးပါး မီးလောင်ပျက်စီးခဲ့ကာ၊ ကုန်ကားသုံးစီးခန့် မီးလောင်ခဲ့ပြီး၊ တိုးဂိတ်မှာ ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ ၁၀၅ မိုင်အတွင်းရှိ ဘုန်းကြီးကျောင်းအချို့နှင့် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-Credit
ကျောက်မဲမြို့တွင် နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျ နေအိမ်နှင့် ကားတစ်စီး ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်