ကျောက်တော်ကြီးမှတ်တိုင်အနီး YBS ယာဥ်မောင်းမှ အငှားယာဥ်မောင်းအား ကားဖြင့်တိုက်မှုဖြစ်၊ အငှားယာဥ်မောင်းသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၄

ရန်ကုန်တိုင်း၊ စော်ဘွားကြီးကုန်းအနီး၊ ကျော်တော်ကြီးကားမှတ်တိုင်၌ YBS 43 ခရီးသည်တင်ယာဥ်မောင်းနှင့် အငှားယာဥ်မောင်းတို့ စကားများကြရာမှ အငှားယာဥ်မောင်အား ကားဖြင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၃ ရက်၊ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် မင်းဓမ္မလမ်း၊ စော်ဘွားကြီးကုန်းအနီး၊ ကျောက်တော်ကြီးမှတ်တိုင်နား၌ အငှားယာဥ်တစ်စီး၏ နောက်ပိုင်းအား YBS 43 ခရီးသည်တင်ယာဥ်မှဝင်တိုက်မိရာ အငှားယာဥ်မောင်းမှ ကားပေါ်မှဆင်းကာ ယာဥ်မောင်းချင်းစကားများခဲ့ပြီး YBS ခရီးသည်တင်ယာဥ်မောင်းမှ ကားဖြင့်ဝင်တိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ taxi ဖင်ကို YBS 43 ကဝင်တိုက်တာ Taxi အကိုကဆင်းပြောတာကို YBS driver ကတိုက်ပြီး တရွတ်တိုက်ဆွဲခေါ်သွားတာ လမ်းတလျှောက်အသားဖက်တွေနဲ့ လက်ကတနေရာ ကိုယ်ကတနေရာ ခေါင်းကကျောက်တော်ကြီးမှတ်တိုင်နားက ပြန်ရတယ်။” ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

ထိုယာဥ်တိုက်မှုဖြစ်စဥ်မှာ အလွန်ဆိုးရွားခဲ့ပြီး YBS 43 ပေါ်ပါသည့် ခရီးသည်များမှာ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် ယာဥ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း ဖြစ်စဥ်အနီးတွင်ရှိသူများ ၏ ပြောပြချက်အရ သိရသည်။

“ ကားသမားကတော့ ထွက်ပြေးသွားတယ်၊ တစ်မှတ်တိုင်လောက်ကျော်မောင်းပြီး ခရီးသည်တွေကို ချပေးခဲ့တယ်ပြောတယ်။ နောက်ပြီမောင်းပြေးသွားတယ်။” ဟု ဖြစ်စဥ်အနီးတွင် ရှိနေသူတစ်ဦးက ပြောသည်။

အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး တရားခံဖမ်းဆီးရမိရန် စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူထံမှ သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ကျောက်တော်ကြီးမှတ်တိုင်အနီး YBS ယာဥ်မောင်းမှ အငှားယာဥ်မောင်းအား ကားဖြင့်တိုက်မှုဖြစ်၊ အငှားယာဥ်မောင်းသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.