ကျောက်ဆည် ဆင်ကပွဲ ဆင်ရုပ်ပေါင်း ၁၀၀ ကျော်ဖြင့် ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၂၆

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆင်အကအလှပြိုင်ပွဲကို ယခုနှစ်တွင် ဆင်ရုပ်ပေါင်း ၁၀၀ ကျော်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါပွဲတော်ကို လာမည့်အောက်တိုဘာ ၂၈ ရက်၊ (သီတင်းကျွတ်လဆန်း ၁၄ ရက်)တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆင်ရုပ်အစီးရေ ၁၀၁ စီးပါဝင်မည်ဖြစ်သည်။

“ မနှစ်ကတော့လုပ်တယ်။ ဒါပေမယ့် ဆင်ရုပ်စီးရေကနည်းတယ်။ အကျဉ်းချုံးလုပ်တဲ့သဘောပေါ့။ ကိုဗစ်နဲ့ နိုင်ငံရေးတွေကြောင့် မလုပ်ဖြစ်တာနှစ်နှစ်ရှိပြီ။ ဒီနှစ်မှာတော့ ပြန်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရတယ်။” ဟု ကျောက်ဆည်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပွဲတော်ကို ဧည့်ခံဖျော်ဖြေရေးအပိုင်းနှင့် ပြိုင်ပွဲဝင် ကပြဖျော်ဖြေရေးအပိုင်းဟူ၍ ကျင်းပသွားမည်ဖြစ်ကြောင်း ဖျော်ဖြေရေးအစီအစဉ်အဖြစ် ဈေးပတ်ဆင် ၇၇ စီးမှ မြို့မ ဈေးကြီးကိုပတ်ကာ လှည့်လည်ကပြဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဆင်အကအလှပြိုင်ပွဲ အခမ်းအနားကို ကျောက် ဆည်မြို့၊ ရွှေသာလျောင်းတောင်ခြေတွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ဆင် ၆၇ စီး ပါဝင်ခဲ့ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ကျောက်ဆည် ဆင်ကပွဲ ဆင်ရုပ်ပေါင်း ၁၀၀ ကျော်ဖြင့် ကျင်းပမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.