ကျုံပျော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ကျုံပျော်၊ ဧပြီ ၁၄

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဧပြီလ ၁၂ ရက်၊ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသည့် မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အသက် ၆၀ နှစ်ဝန်းကျင်ရှိ ဦးဖိုးဆောင်းဆိုသူဖြစ်ပြီး မဲဂရက်-ရှားခဲလမ်းမပေါ်၌ ဆိုင်ကယ်ဖြင်ထွက် လာချိန်သေနတ်ဖြင့် ၁၂ ပစ်ခတ်ခံခဲ့ရပြီး အခင်းဖြစ်ရာနေရာမှာ ပင်သေဆုံးခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ အုပ်ကြီး ဖိုးဆောင်းက အခင်းဖြစ်နေရာမှာ ဒဏ်ရာတော်တော်များများနဲ့ တခါတည်းဆုံးသွားတာ။ ပစ်ခတ်သွားတဲ့သေနတ်သမားတွေကို တာဝန်ရှိသူတွေက ပိုက်စိပ့်တိုက်လိုက်စစ်ဆေးနေတာတော့ တွေ့တာပဲ။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ပစ်ခတ်မှုအပြီး ညပိုင်းတွင် အခင်းဖြစ်ရာနေရာကို ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ ဦးဖိုးဆောင်း၏ရုပ်အလောင်းကို လူနာတင်ကားဖြင့် သယ်ဆောင်သွားသည်ဟု ဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ဦးဖိုးဆောင်းသည် ပြည်သူများကို ခြိမ်းခြာက်အနိုင်ကျင့် ငွေကြေးတောင်းခံခြင်း၊ လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်ခြင်း၊ စစ်မှုထမ်းဥပဒေကိုအ ကြောင်း ပြကျေးရွာနေပြည်သူများကို မတရားငွေကြေးတောင်းခံခြင်းများကို ပြုလုပ်နေသည့်အတွက် ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့က ပူးပေါင်းပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ကျုံပျော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.