ကျုံပျော်မြို့တွင်တစ်ရက်တည်း ဗုံးနှစ်လုံးပေါက်ကွဲပြီး တစ်ဦးဒဏ်ရာရရှိကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ကျုံပျော်၊ ဩဂုတ် ၂၇

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် တစ်ရက်တည်း ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူငယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူငယ် ၁၀ ဦးထက် မနည်းဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ သြဂုတ် ၂၅ ရက်က မြို့နယ်စည်ပင်သာယာရေးရုံးရှေ့နှင့် အင်းရဲလမ်းဆုံ စစ်ဆေးရေးအနီး၌ တစ်ချိန်တည်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စည်ပင်သာယာရေးရုံးအနီးရှိနေသည့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်နှင့်ပတ်သည်ဟုဆိုကာ လူငယ် ၁၀ ဦးထက်မ နည်း ဖမ်းဆီးခံရကြောင်း သိရသည်။

“ ဒဏ်ရာရရှိသွားတဲ့ တစ်ယောက်အပါအဝင် လူ ၁၀ ယောက် အဖမ်းခံရတာ။ ဒဏ်ရာရရှိသွားတဲ့ကောင်လေးကိုက ရုံးဌာနတွေကို ဗုံးလာခွဲတဲ့သူဆိုပြီး ဖမ်းသွားတာ။ တာဝန်ရှိသူ တွေက လာဖမ်းသွားတာ။” ဟုတာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ လူငယ်များသည် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်မှလူငယ်များဖြစ်ပြီး အဖမ်းခံရသူများကို ကျုံပျော်မြို့အမှတ် (၃၆)ခြေလျင် တပ်ရင်းအတွင်း ထားရှိစစ်ဆေးနေကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ကျုံပျော်မြို့တွင်တစ်ရက်တည်း ဗုံးနှစ်လုံးပေါက်ကွဲပြီး တစ်ဦးဒဏ်ရာရရှိကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.