ကျိုင်းတုံမြို့၌ ကျောင်းသားတစ်ဦး ရေနစ်‌သေဆုံး

ကျိုင်းတုံ၊ ဩဂုတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အ.ထ.က(၄) မှ ကျောင်းသားတစ်ဦး ကျောင်းချိန်အတွင်းခိုးထွက်ပြီး ရေသွားကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

သြဂုတ် ၂၉ ရက်၊ ယမန်နေ့က အ.ထ.က (၄) ကျောင်းမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသားသည် မုန့်စားကျောင်းဆင်းချိန်တွင် ကျောင်းမှခိုးထွက်ပြီး သူငယ်ချင်းများနှင့်အတူ ဝမ်ဟွတ်ရေကန်၌ ရေသွားကူးရာမှ ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ ကျောင်းကနေခိုးထွက်ပြီး ရေသွားကူးကြရင် ရေနစ်သွားပြီးပျောက်နေတာ။ ရေကန်အတွင်းကနေ အလောင်းကို အခုမနက်ကျမှ ပြန်ရှာဖွေတွေ့ရှိတာ။ ကျောင်းချိန်အတွင်း အခုလို ဖြစ်လို့ဆိုပြီး ကျောင်းသားမိဘတွေဘက်က ကျောင်းဘက်ကို ပေါ့လျော့တယ်ဆိုပြီး ပြောဆိုတာတွေရှိနေတယ်။” ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။

အဆိုပါကျောင်းသား၏ ရုပ်အလောင်းအား လူမှုကူညီရေးအဖွဲ့များက ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ချောင်းတစ်ခုအတွင်း လူငယ် ၃ ဦးရေကူးရာမှ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ သေးကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးမြစ်ဆိပ်တွင် ကျောင်းသား ၆ ဦးရေဆင်းကူးရာမှ တစ်ဦးရေနစ်သေဆုံးခဲ့သေးကြောင်း သ တင်းမှတ်တမ်းများအရ သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

ဓာတ်ပုံ – စီဂျေ

ကျိုင်းတုံမြို့၌ ကျောင်းသားတစ်ဦး ရေနစ်‌သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.