ရန်ကုန်၊ ဩဂုတ် ၂၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာအုပ်စု၊ ကြားအင်းချောင်းကျေးရွာ၌ ဩဂုတ်လ ၂၀ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်က အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူတို့နှစ်ဦး ကော့ ခလိန်းကျေးရွာမှ ကြာအင်းကျေးရွာသို့ မော်တော်ယာဥ်မောင်းနှင်လာစဥ် အမည်မသိသေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့်လိုက်လာပြီး ကျေးရွာချင်းဆက်သွယ်ထားသော လမ်းအ ရောက်၌ ယောက်ျားဖြစ်သူအား သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်သွားကြောင်း သိရသည်။
“ သူ့ရဲ့ မိန်းမကတော့ အပစ်မခံရဘူး၊ ယောက်ျားကိုပဲ ပစ်သွားတာ၊ ခုလက်ရှိတော့ ဆေးကုသမှုခံယူနေတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ပစ်ခတ်ခံရသော အမျိုးသားမှာ အသက် ၄၅ နှစ်အရွယ်ရှိ ဦးဇော်မင်းဟုသိရပြီး ဘယ်ဘက်လက်ဖျံအောက် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ဇက်ပိုးအနီး ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းအမျိုးသားမှာ ကော့ခလိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း သိရသည်။
နေပိုင်ဇော်
ဓာတ်ပုံ – SBM
ကျိုက်မရော၌ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်