ကျိုက်ထိုမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်တက်လမ်း၌ မြေသားအက်ကြောင်း ဖြစ်ပေါ်

ရန်ကုန်၊ အောက်တိုဘာ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ ကျိုက်ထီးရိုး‌တောင်တက်လမ်းရှိ ရသေ့တောင် ယာဉ်ရပ်နားစခန်းအနီးတွင် မြေသားနံရံအက်ကြောင်း ဖြစ်ပေါ်ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုး တောင်တက်လမ်း၊ မိုင်တိုင်အမှတ် ၇မိုင် ၄ ဖာလုံရှိ ရသေ့တောင် ယာဉ်ရပ်နားစခန်းအနီးတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် တောင်တက်ကားလမ်းဘေး အောက်ဘက်ရှိ မြေသားနံရံ အက်ကြောင်းလိုက်ပြီး မြေပြိုကျမှုဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

“မြေပြိုတာ စိုးရိမ်းစရာတော့ အခုမရှိသေးပါဘူး။ ကားလမ်း၊ တောင်တက်တဲ့ ၇ မိုင် ၄ ဖာလုံ အဲ့နေရာလေးမှာ မြေသားပဲ့ကျတာ။ မြေသားက ကားလမ်းဘေးကို ပဲ့ကျတာ။ မိုး အကြမ်းရွာလို့ ရေဝပ်ပြီး ရေစီးကြောင်းကြောင့်ပေါ့။ သွားလာလို့တော့ အဆင်ပြေတယ်ဗျ။” ဟု ကျိုက်ထိုမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုသို့ကဲ့သို့ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ကျိုထိုမြို့၊ ကော့စံနိုင်ရပ်ကွက်တွင် ရပ်ကွက်နှင့် နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် နေရာရွေ့ပြောင်းခြင်းများ လုပ်ဆောင်နေရကြောင်း ကျိုက်ထိုမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဂဒက်ချောင်းကနေ ရေဝင်အမှတ်က ၂၉.၄။ အိမ်ထဲတွေပါ ဝင်တာ။ စိုးရိမ်းစရာအခြေနေတော့ ပြောလို့မရသေးဘူး။ လတ်တလော ရွေ့ပြောင်းတာတော့ လုပ်နေတယ်ဗျ။ ရန်ကုန်၊ မော်လမြိုင် ကားလမ်းမတွေတော့ ရေကျော်တာတွေရှိတယ်။ အခုချိန်တော့ ရေကမကျသေးဘူး။ ကားတွေလောက်ပဲ သွားလာလို့ အဆင်ပြေတယ်။” ဟု ကျိုက်ထို မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမီးသတ်စခန်းမှ လမ်းရှင်းလင်းရေးနှင့် အိမ်များရွေ့ပြောင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ကဲ့သို့ မိုးဆက်တိုက်ရွာသွန်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး နေရာတစ်ချို့နှင် အမြန်လမ်း မိုင်တိုင်တစ်ချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-ကျိုက်ထို မီးသတ်တပ်ဖွဲ့

#ယနေ့ခေတ်

ကျိုက်ထိုမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်တက်လမ်း၌ မြေသားအက်ကြောင်း ဖြစ်ပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.