ကော့ကရိတ်၌ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းထား

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်လမ်းပိုင်း၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီရပ်ဆိုင်းထားကြောင်း နယ်စပ်ကုန်သည် များ၏ ပြောပြချက်အရ သိရသည်။

“ အခုကတော့ ယာယီပိတ်ထားတာပေါ့။ ဖြစ်တာကလည်း ဒီနေ့မနက်မှဆိုတော့။ ကုန်ကားတွေကလည်း ရောက်တဲ့နေရာကနေ ရပ်ထားရတာပေါ့။ အခုကယာယီပဲ ပိတ်ထား တာ။ ဌာနဆိုင်ရာဘက်ကတော့ တရားဝင်စာထုတ်ထားတာ မရှိသေးဘူး။ အခုထိတော့။” ဟု မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မဇင်မီက ယနေ့ခေတ်သို့ ပြောသည်။

ယနေ့နံနက် ၅ နာရီမှစ၍ ကော့ကရိတ်မြို့ရှိ နေရာအနှံ့အပြားတွင် နစကတပ်များနှင့် KNU ၊ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့ နေ့လည် အထိ ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးမြို့အပါအဝင် ဒေသအများအပြား၌ ယနေ့နံနက်အစောပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့်အတွက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကစင်္ကြံလမ်းမကြီး တစ်ခုဖြစ်သည့် လားရှိုးမှ ချင်းရွှေဟော်နှင့် လားရှိုးမှ မူဆယ်အထိ ပြည်ထောင်စုလမ်းမကြီးရှိ လမ်းပိုင်းနှစ်ခုအား ယနေ့နံနက် ၆ နာရီမှစ၍ အရေးပေါ်ပိတ်ထားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

စုစု

ဓာတ်ပုံ – နေလင်းအောင်

#ယနေ့ခေတ်

ကော့ကရိတ်၌ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.